သမ္မတ Trump ကို ရာထူးကဖယ်ရှားဖို့ ဒီမိုကရက် အမတ်တွေ တောင်းဆို

 ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော် အမတ်အနည်းစု ခေါင်းဆောင် Chuck Schumer နှင့် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi

(Zawgyi/Unicode)

သမ္မတဒေါ်နယ်ထရမ့်ရဲ့ တိုက်တွန်းမှုကြောင့် သူ့ကို ထောက်ခံတဲ့ ဒေါသထွက်နေသူတွေက အမေရိကန်လွှတ်တော်ကို ချီတက်ပြီး အတင်းဝင်ရောက်မှုဖြစ်ပွားခဲ့တဲ့ နောက်မှာ ကြာသပတေးနေ့မှာတော့ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော် အမတ်အနည်းစု ခေါင်းဆောင် Chuck Schumer က လက်ရှိသမ္မတတာဝန် ၁၃ ရက်ထမ်းဆောင်ဖို့ ကျန်နေသေးတဲ့ သမ္မတထရမ့်ကို တာဝန်ကနေ ချက်ချင်း ဖယ်ရှား ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

သမ္မတထရမ့်ကို ရာထူးကနေ အမြန်ဖယ်ရှားရေးအတွက် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၂၅ ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက် အရ သမ္မတထရမ့်အနေနဲ့ သမ္မတတာဝန်ကို ဆက်ပြီး ထမ်းဆောင်နိုင်စွမ်းမရှိတော့တဲ့ အခြေနေကို ရောက်နေပြီလို့ ဒုသမ္မတ Mike Pence နဲ့ ထရမ့်အစိုးရ ကက်ဘိနက်အဖွဲ့ဝင်အများစု က ကြေညာပြီး ဖယ်ရှားနိုင်ကြောင်း မကြာခင်မှာပဲ အထက်လွှတ်တော်မှာ အမတ်အများစု ခေါင်းဆောင် ဖြစ်လာတော့မယ့် မစ္စတာ Schumer က ပြောပါတယ်။

ဒီလို လုပ်မယ်ဆိုရင် ကြာသပတေးနေ့မှာပဲ ပြီးပြတ်သွားနိုင်ကြောင်းလည်း ပြောပါတယ်။ တကယ်လို့ ဒုသမ္မတနဲ့ ကက်ဘိနက်အဖွဲ့က လုပ်ဆောင်ဖို့ ငြင်းပယ်မယ် ဆိုရင် လွှတ်တော်ကနေ သမ္မတကိုစွဲချက်တင်သင့်တယ်လို့လည်း Schumer ကပြောပါတယ်။

အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီလ ၂၀ မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်ပေမယ့် သမ္မတထရမ့်ကို ဖွဲ့စည်းပုံဥပဒေကို သုံးပြီးဖယ်ရှားပစ်ဖို့ ဒါမှမဟုတ် ဒုတိယအကြိမ်အဖြစ် စွဲချက်တင်ဖို့ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi အပါအဝင် တခြားလွှတ်တော်အမတ်တချို့က တောင်းဆိုခဲ့ကြတာပါ။

“ဒုသမ္မတ အနေနဲ့ ၂၅ ကြိမ်မြောက် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်ကို သုံးပြီး သမ္မတကို အမြန်ဆုံးရာထူးကနေဖယ်ရှားဖို့လုပ်ပါလို့ အထက်လွှတ်တော်အမတ် ဒီမိုကရက်အမတ်ခေါင်းဆောင် တောင်းဆိုတဲ့ အတိုင်း တောင်းဆိုချင်ကြောင်းနဲ့ တကယ်လို့ ဒုသမ္မတနဲ့ ကက်ဘိနက်အဖွဲ့က မလုပ်ရင်တော့ လွှတ်တော်က သမ္မတကို တရားစွဲဆိုဖို့ ပြင်တော့မှာ ဖြစ်ကြောင်း”Nancy Pelosi က ေြ ပာသွားတာပါ။

သမ္မတထရမ့်ကို ဝေဖန်လေ့ရှိတဲ့ Illinois ပြည်နယ် အောက်လွှတ်တော် ရီပတ်ဘလစ်ကင်အမတ် Adam Kinzinger ကလည်း သမ္မတအနေနဲ့ သူ့တာဝန်ကို မထမ်းဆောင်နိုင်တော့ကြောင်း ပြသနေတယ်လို့ ပြောပါတယ်။

ဒုသမ္မတ Mike Pence ဘက်ကတော့ အခုထိ တစုံတရာ တုန့်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဗုဒ္ဓဟူးနေ့ ကန့်ကွက်ဆန္ဒပြသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ဖေါ်ထုတ်ရာမှာ အကူညီပေးကြဖို့ FBI ဗဟိုစုံစမ်းထောက်လှန်းရေးဗျူရိုက ကြာသပတေးနေ့မှာ ပန်ကြားထားပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump ကို ရာထူးကဖယ်ရှားဖို့ ဒီမိုကရက် အမတ်တွေ တောင်းဆို


.....................

သမ်မတ Trump ကို ရာထူးကဖယျရှားဖို့ ဒီမိုကရကျ အမတျတှေ တောငျးဆို

(Unicode)







ဒုသမ်မတ Mike Pence ဘကျကတော့ အခုထိ တစုံတရာ တုန့ျပွနျပွောဆိုတာ မရှိသေးပါဘူး။
