ကန်-မြောက်ကိုရီးယား ထိပ်သီဆွေးနွေးပွဲ အလားအလာ

အိမ်ဖြူတော်အရာရှိတွေက အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ မကြုံစဖူး ထိပ်သီးဆွေးနွေးပွဲကို ချောချောမွေ့မွေ့ ဆက်ပြင်ဆင်နေတယ်လို့ ဒီနေ့ အတည်ပြုပေးလိုက်ပြီး၊ ဒီနှစ်နိုင်ငံအစိုးရတွေအကြား တိုက်ရိုက်ဆက်သွယ်မှုတွေရှိနေတယ်ဆိုတဲ့ လက္ခဏာပြသလိုက်ပါတယ်။

အိမ်ဖြူတော် အကြီးတန်းအရာရှိတဦးက ဒီထိပ်သီးဆွေးနွေးပွဲ ဖြစ်ဖို့အလားအလာကောင်းနေပြီး၊ နှစ်နိုင်ငံ သက်ဆိုင်ရာ အေဂျင်စီတွေအကြား တင်းတင်းကြပ်ကြပ်ထိန်းသိမ်းပြီး၊ ချိတ်ဆက်လုပ်ဆောင်နေတာ ရက်သတ္တပတ်ပေါင်း များစွာရှိလာခဲ့ပြီလို့ ထုတ်ပြောလိုက်ပါတယ်။

နှစ်နိုင်ငံတိုက်ရိုက်ဆက်သွယ်ပြီး ဒီထိပ်သီးပွဲပြင်နေတဲ့အကြောင်းကို မေးရာမှာ၊ ဒီအကြီးတန်းအရာရှိက ခုလို ထိပ်သီးဆွေးနွေးပွဲ အောင်မြင်အောင်ကျင်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပြီးကတည်းက၊ ဒီ ဆက်သွယ်မှု ဘယ်လောက် ခရီးပေါက်နေတယ်ဆိုတာ သိနိုင်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီ အလားအလာကောင်းနေတဲ့ ထိပ်သီးဆွေးနွေးပွဲကိစ္စဟာ ရှေ.အပတ်ထဲ အမေရိကန် သမ္မတ Donald Trump နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ ဖလိုရီဒါပြည်နယ်က သမ္မတ Trump ရဲ့ Mar-a-Lago ကိုယ်ပိုင်အပန်းဖြေစခန်းမှာ အလုပ်သဘော တွေ့ဆုံလည်ပတ်ကြချိန်မှာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာဖြစ်ပါတယ်။

ဒီ Trump နဲ့ ကင် ထိပ်သီးဆွေးနွေးပွဲအပေါ် အမေရိကန်အဓိက မဟာမိတ်တွေထဲမှာ ဂျပန်နိုင်ငံက အစိုးရိမ်ဆုံးဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ထိပ်သီးပွဲကနေ လုံခြုံရေးဆိုင်ရာသဘောတူညီမှုတွေချုပ်ဆိုတဲ့အဆင့်ရောက်သွားရင် ဂျပန်နိုင်ငံအကျိုးစီးပွားကို လောက်လောက်လားလား ထည့်မတွက်တာမျိုး ဖြစ်သွားမှာအတွက်ပါ။

Your browser doesn’t support HTML5

ကန်-မြောက်ကိုရီးယား ထိပ်သီဆွေးနွေးပွဲ အလားအလာ