နိုင်ငံရေးထဲ စစ်တပ်ကို အသုံးမချဖို့ ကန်ကာကွယ်ရေးဝန်ကြီးဟောင်းတွေ သတိပေး

မြို့တော် Washington ရှိ Pentagon အဆောက်အဦး။

[Zawgyi/Unicode]

အခုလို သမ္မတ Donald Trump ဘက်က ရွေးကောက်ပွဲ ရလဒ်ကို တင်းခံနေချိန်မှာ၊ အသက်ထင်ရှားရှိဆဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးလုံးက ဒီနိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ပြောင်းနိုင်ရေး စစ်တပ်ကို အသုံးမချဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

သမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကင်ပါတီရော၊ အတိုက်အခံ ဒီမိုကရက်ပါတီကပါ ပါဝင်တဲ့၊ လက်ရှိသက်ရှိထင်ရှား ဒီ ကာကွယ်ရေးဝန်ကြီးဟောင်းတွေက အခုလိုသတိပေးတာကို၊ မနေ့က ဝါရှင်တန်ပို့စ် သတင်းစာ ဆောင်းပါးထဲမှာ သူတို့နာမည်တွေနဲ့ ဖော်ပြခဲ့တာပါ။

ဒီဆောင်းပါးထဲမှာ ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးက ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ်ရမဲ့ အချိန်ကကျော်လွန်ခဲ့ပါပြီလို့ ထောက်ပြခဲ့ပါတယ်။

SEE ALSO: ရွေးကောက်ပွဲရလဒ်ပြောင်းရေး ဂျော်ဂျီယာပြည်နယ်အရာရှိကို သမ္မတ Trump တိုက်တွန်းခဲ့

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေထဲ စစ်တပ်ကို ဆွဲသွင်းဖို့ကြိုးပမ်းတာကြောင့် တိုင်းပြည်ကို အန္တရာယ်ကြီးပြီး ဥပဒေချိုးဖောက် ဖွဲ့စည်းပုံနဲ့ မညီတဲ့အဖြစ် ရောက်သွားစေနိုင်တယ်လို့ ဖြစ်သွားလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ဒီစာထဲမှာ သမ္မတ Trump နာမည်ကို အတိအကျထည့်မပြောခဲ့ပေမဲ့၊ သမ္မတ Trump နဲ့ သူ့အပေါင်းပါတွေဘက်က၊ ဒီသမ္မတရွေးကောက်ပွဲရလဒ်ဟာ မဲမသမာမှုတွေကြောင့်ဖြစ်ခဲ့တာလို့ မှားယွင်းစွပ်စွဲနေတာကို ရည်ညွှန်းထားတဲ့သဘော ရှိပါတယ်။

Your browser doesn’t support HTML5

နိုင်ငံရေးထဲ စစ်တပ်ကို အသုံးမချဖို့ ကန်ကာကွယ်ရေးဝန်ကြီးဟောင်းတွေ သတိပေး

[Unicode Version]




SEE ALSO: Joe Biden လက်ထက် ကန်-အာဆီယံ ဆက်ဆံရေး အလားအလာ


