ကန် တရားရေးဌာနက ထောင်ချောက်ဆင် လို့Trump ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ သူ့ကို ထောင်ချောက်ဆင်ဖို့ အတွက် အမေရိကန် တရားရေးဌာနက သူလျှိုတွေ စေလွှတ်ထားခဲ့တယ်ဆိုပြီး သမ္မတ Donlad Trump စွပ်စွဲလိုက်ပါတယ်။ ဒါပေမယ့် ဒီစွပ်စွဲချက်က မှန်ချင်မှ မှန်မယ်လို့ သူ့ရဲ့ ရှေ့နေက ပြောထားတာပါ။

သမ္မတ Trump က ဒီလို သူလျှို လုပ်မှုမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့သလို သူ့အလှည့်ကျမှ အကွက်ချ ကြံစည်တာဖြစ်တယ်ဆိုပြီး Fox သတင်းတင်ဆက်သူ David Asman ရဲ့ အပြောကို ကိုးကားပြီး တွစ်တာစာမျက်နှာမှာ Trump က ရေးသားခဲ့တာပါ။

ဒါပေမယ့်လည်း သမ္မတ Trump ရဲ့ ရှေ့နေ Rudy Giuliani က သူရောသမ္မတ Trump တို့ကပါ ဒီလို သူလျှိုလုပ်မှုကို အတိအကျ သိမထား ပေမယ့်လည်း ဒီသဘောမျိုး ပြောဆိုနေတာတွေ အချိန်အတော်ကြာ ကြားနေရတဲ့အကြောင်း CNN သတင်းဌာနကို ပြောခဲ့တာပါ။ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောင့်ယှက်မှုကို စုံစမ်းတဲ့ FBI ရဲ့ သတင်းရင်းမြစ်ကို ထုတ်ဖော်ဖို့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ သမ္မတ Trump ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ဝင်၊ ရီပတ်ဘလစ်ကန် ပါတီဝင် တဦးလည်းဖြစ်တဲ့ Devin Nunes က တောင်းဆိုခဲ့ကြောင်း နိုင်ငံရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအကြောင်း အလေးပေးဖော်ပြတဲ့ the National Review မဂ္ဂဇင်းက ဒီလ အစောပိုင်းမှာ ဖော်ပြထားခဲ့ပါတယ်။

အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ဒီမိုကရက်အမတ် Mark Warner ကတော့ သတင်းရင်းမြစ်တွေကို ကာကွယ်ရဖို့ အလွန်အရေးကြီးတာကြောင့် အဲဒီလိုတောင်းဆိုချက်မျိုးကို သောကြာနေ့မှာ ကန့်ကွက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန် တရားရေးဌာနက ထောင်ချောက်ဆင် လို့- Trump ပြော