TikTok App ကိုဝယ်ဖို့ ဆွေးနွေးနေကြောင်း Microsoft အတည်ပြု

Your browser doesn’t support HTML5

တရုတ် နည်းပညာကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ TikTok app ကို Microsoft ကုမ္ပဏီ ကဝယ်ဖို့ ဆွေးနွေးနေတဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။ အမေရိကန်အစိုးရ နဲ့လည်းသဘောတူညီချက်ရဖို့ လုပ်ဆောင်သွားမယ့် အကြောင်း Microsoft ကုမ္ပဏီက ပြောဆိုလိုက်ပြီး စက်တင်ဘာ ၁၅ ရက်မတိုင်ခင် အပြီးသတ်နိုင်မယ်မျှော်လင့်ကြောင်း ပြောပါတယ်။