၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ၊ တီယန်အန်မန်ရင်ပြင် နှိမ်နင်းဖြိုခွဲမှု အထိမ်းအမှတ် ပြတိုက်တခုကို ဟောင်ကောင်ကျွန်းမှာ တရားဝင် ဖွင့်လိုက်ပါပြီ။ ဖြစ်ပျက်ခဲ့တာ ၂၅ နှစ် ကြာလာပြီးတဲ့နောက် တရုတ်လူထုအနေနဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာကို ပိုသိဖို့ လိုတယ်လို့ ကမကထပြု စီစဉ်သူတွေကပြောပါတယ်။
ဒါဟာဖြင့် လွန်ခဲ့တဲ့ ၂၅ နှစ်က တရုတ်ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တဲ့ဖြစ်ရပ်နဲ့ဆိုင်တဲ့ ကမ္ဘာ့ ပထမဆုံးပြတိုက်ဖြစ်ပါတယ်။
စတုရန်းပေ ၈၀၀ ကျော်ပဲ ကျယ်ဝန်းတဲ့ ပြတိုက်ငယ်လေးဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ဟောင်ကောင်ကျွန်း Tsim Sha Tsui အရပ်က ရုံးခန်းအဆောက်အဦးတခုရဲ့ ပဉ္စမထပ်မှာ တည်ရှိပါတယ်။
တီယန်အန်မင်ရင်ပြင်မှာ ဒီမိုကရေစီရေးတောင်းဆိုတဲ့ ကျောင်းသားတွေကို ပစ်ခတ် နှိမ်နင်းဖို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ် PLA ကို အစိုးရက အမိန့်ပေးခဲ့ပြီး ရက်ရက်စက်စက် ဖြိုခွဲခဲ့ပါတယ်။ စုစုပေါင်း သေဆုံးသူအရေအတွက်ကို ဘယ်တုန်းကမှ တရားဝင် မကြေညာခဲ့ဖူးပါဘူး။
ခန့်မှန်းချက်တွေအရကတော့ ဒီမိုကရေစီရေးတောင်းဆိုတဲ့ လှုပ်ရှားသူ ရာပေါင်းများစွာကနေ ထောင်ပေါင်းများစွာအထိ သေဆုံးခဲ့တယ်လို့ ဆိုကြပါတယ်။