ရှေ့သီတင်းပတ်စတင်မယ့် ကုလအထွေထွေညီလာခံ 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အဆောက်အဦ (စက်တင်ဘာ ၂၈၊ ၂၀၁၉)

နယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်မှာ ရှေ့သီတင်းပတ်စတင်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ယူကရိန်းကို ရုရှားကျုးကျော် တိုက်ခိုက်တဲ့ အကြောင်းအရာက ကမ္ဘာ့ခေါင်းဆောင်တွေအကြား ဒုတိယမြောက် နှစ်အဖြစ် ထိပ်တန်းဦးစားပေး ဆက်လက် ဆွေးနွေးမယ့် အကြောင်းအရာတခု ဖြစ်နေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများကလည်း သူတို့နိုင်ငံတွေအတွက် အရေးကြီးတဲ့ ဖွံ့ဖြိုးရေး၊ ငွေကြေးဖောင်းပွမှုပြဿနာလို ကိစ္စတွေကိုပါ ရှေ့တန်းတင်ဆွေးနွေးဖို့ မျှော်လင့်နေကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတော့ စိန်ခေါ် အကဲစမ်းမှုတွေ မျိုးစုံ ရင်ဆိုင်နေရတဲ့ ကာလလို့ ပြောထားပါတယ်။

“လူသားမျိုးနွယ်စုအပေါ် ကြီးမားတဲ့ စိန်ခေါ် မှူတွေ ရင်ဆိုင်နေရချိန်မှာ ကျနော်တို့ တွေ့ဆုံကြတာပါ။ အဆိုးဝါးဆုံး ရာသီဥတု ဖေါက်ပြန် ပြောင်းလဲမှုတွေနဲ့ ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း လူနေမှုစရိတ် ကြီးမြင့်မှု၊ ဆင်းရဲချမ်းသာ ကွာဟချက်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာမှာလည်း မကြုံစဖူး အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ ကာလဖြစ်ပါတယ်” - လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုသွားတာပါ။

ဆက်စပ်ဖတ်ရှုရန်

ကမ္ဘာ့မိသားစု ပြိုကွဲမယ့်အန္တရာယ် ကုလအတွင်းရေးမှူးချုပ် သတိပေးရုရှားအသိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွင်း ကျင်းပမယ့် ရုရှားရွေးကောက်ပွဲ ကုလရှုတ်ချယူရေနီယံသန့်စင်နှုန်း အီရန်လျှော့ချခဲ့ဟု ကုလအစီရင်ခံ 

သီတင်း ၁ လကြာကျင်းပမယ့် ညီလာခံကို တချို့ခေါင်းဆောင်တွေ ဒီနှစ် မတက်ကြပေမဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ လူကိုယ်တိုင် လာရောက် မိန့်ခွန်းပြောကြားပြီး ယူကရိန်းအရေး နိုင်ငံတကာရဲ့ ပံ့ပိုးထောက်ခံမှု ပိုရအောင် တိုက်တွန်းပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို နိုင်ငံတကာက အာရုံစိုက်လာအောင် မဟာမိတ်တွေ၊ လက်တွဲဘက် နိုင်ငံတွေနဲ့ ဆောင်ရွက်သွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်း အရာရှိတဦးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ လွှတ်တော် ကြားနာပွဲတခုမှာ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ရှေ့သီတင်းပတ်စတင်မယ့် ကုလအထွေထွေညီလာခံ