ရုရှားသမ္မတပူတင်ဟာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အကြောင်းပြပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ပါတယ်။ ကမ္ဘာ့အင်အားကြီး နျူကလီးယားပိုင်နိုင်ငံကြီးတစ်ခုက အိမ်နီး ချင်း နိုင်ငံငယ်တစ်ခုရဲ့ အချုပ်အခြာအာဏာကို လေးစားမှုမရှိဘဲကျူးကျော်တိုက်ခိုက်တဲ့အတွက် တစ်ကမ္ဘာလုံးက စိတ်ဆိုးဒေါသထွက်ကြပါတယ်။ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ရုရှားဟာ ယူကရိန်းမြို့ကြီးတွေကို လေကြောင်းကဗုံးကြဲ၊ ဒုံးကျည်တွေနဲ့ တရစပ်ပစ်ခတ်၊ တင့်ကားတပ်တွေ အလုံးအရင်းနဲ့ ချီတက်တိုက်ခိုက်ခဲ့တာပါ။ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေတင် မဟုတ်တော့ဘဲ အရပ်ဘက်အဆောက်အဦတွေ၊ လူနေရပ်ကွက်တွေ၊ ဆေးရုံတွေပါမကျန် တိုက်ခိုက်တာကို ယူကရိန်းတွေ ခံနေရပါတယ်။လက်နက်မျိုးစုံနဲ့ အမှန်တကယ်ပစ်ခတ်တိုက်ခိုက်နေတဲ့စစ်ပွဲက ယူကရိန်း
မြေပေါ်မှာ ဖြစ်နေတာပါ။တချိန်တည်းမှာပဲ ယူကရိန်း-ရုရှားစစ်ပွဲရဲ့နောက်ကွယ်မှာလည်း စစ်ပွဲကြီးတစ်ခု
ဖြစ်ပွားနေပါတယ်။အဲဒီစစ်ပွဲကိုတော့ New York Time သတင်းစာကြီးက Economic War (စီးပွားရေး စစ်ပွဲ)လို့ သုံးပါတယ်။
ရုရှားရဲ့ ယူကရိန်းအပေါ် ကြီးနိုင် ငယ်ညှင်း လုပ်ရပ်ကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ သူတို့ရဲ့ မဟာမိတ်
နိုင်ငံတွေက ရုရှားကို စီးပွါးရေးပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ကြပါတယ်။ ရုရှားရဲ့ တင်ပို့ကုန် ရေနံနဲ့
သဘာဝဓာတ်ငွေ့တွေ ဝယ်ယူမှုကိုရပ်ဆိုင်းသပိတ်မှောက်ပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ
တွေပေါ်မှာရုရှားလေယာဉ်တွေ ပျံသန်းတာကို ပိတ်ပင်လိုက်ကြပါတယ်။ ရုရှားနိုင်ငံတွင်းကကမ္ဘာကျော်
စီးပွါးရေးလုပ်ငန်းကြီးတွေလည်း လုပ်ငန်းတွေ ဖြစ်တဲ့ McDonal's၊Starbucks၊ကိုကာကိုလာ၊Goldman Sachs၊Uniqlo တို့ပိတ်သိမ်းကာ ထွက်ခွါကြပါတယ်။ ဒါ့အပြင် SWIFT လို့ခေါ်တဲ့ ဘဏ်နဲ့ ကမ္ဘာ့ငွေကြေးစနစ်ထဲကနေ ရုရှားကိုထုတ်ပယ်လိုက် ပါတယ်။ ဒါ့အပြင် ရုရှားဗဟိုဘဏ်၊နောက် ပူတင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ရုရှားခရိုနီလုပ်ငန်းရှင်ကြီးတွေကိုလည်းစီးပွားရေးအရ ရော ၊ဘဏ္ဍာရေးအရပါ ပိတ်ဆို့ အရေးယူမှုတွေဆက်တိုက်လုပ်ပါတယ်။အဲဒီလို အရေးယူပိတ်ဆို့မှုတွေကြောင့် မော်စကို စတော့ဈေးကွက် ပြိုကျလို့ပိတ်လိုက်ရပြီး ရုရှားငွေကြေးဖြစ်တဲ့ ရူဘယ်ငွေကြေးဟာလည်း ၄၀ ရာနှုန်းအထိ တန်ဖိုးကျဆင်းသွားပါတယ်။ ခရက်ဒစ်ကဒ်တွေဟာလည်း သုံးစွဲလို့ မရတော့ပါဘူး။ဒါကြောင့်လည်း ရုရှားအစိုးရရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကဒါဟာ Economic War စီးပွါးရေးစစ်ပွဲပဲ လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ရုရှားကနေ ဘယ်စီးပွားရေးလုပ်ငန်းကြီးတွေ ထွက်ခွာသွားမလဲ။ဘယ်စီးပွားရေးလုပ်ငန်းတွေကတော့ ကျန်ခဲ့မလဲ" ဆိုတဲ့ ဆောင်းပါးကို နယူးယောက်တိုင်းမ်သတင်းစာကြီးက ၂၀၂၂၊ မတ်လ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီဆောင်းပါးမှာစီးပွါးရေးစစ်ပွဲ (Economic War) ဆိုတဲ့ ခေါင်းစဉ်ငယ်အောက်မှာ အင်္ဂလိပ်ပရီးမီးယားလိဂ်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီးအသင်း တွေ့ကြုံရပုံကိုရေးသား ထားပါတယ်။ လန်ဒန် အနောက်ပိုင်းမှာရှိတဲ့ ချယ်ဆီးအသင်းဟာ ဘောလုံးကွင်းပြင်နေတာတွေကိုလည်း ရပ်ထားရပါတယ်။ အသင်းရဲ့အမှတ်တရပစ္စည်းအရောင်းဆိုင်ကိုလည်း ချက်ချင်းပိတ်လိုက်ရပါတယ်။ ဆိုင်အတွင်းမှာ ဈေးဝယ်နေသူတွေဟာ သူတို့ခြင်းထဲက ပစ္စည်းတွေ ပြန်ထားခဲ့ပြီး ဆိုင်ထဲက ထွက်ကြရပါတယ်။ဘာကြောင့်လဲဆိုတော့ ချယ်ဆီးအသင်းပိုင်ရှင် ရိုမန်အီဘရာမိုဗစ်ဟာ ရုရှားသမ္မတပူတင်နဲ့ နီးစပ်တဲ့ ခရိုနီကြီးတစ်ဦး ဖြစ်နေတာကြောင့် သူပိုင်လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့နဲ့ သူပိုင်ငွေကြေးတွေကို အင်္ဂလန်အစိုးရက အရေးယူ၊ထိန်းချုပ်လိုက်လို့ ဖြစ်ပါတယ်။
ဒီအခြေအနေကို လန်ဒန်ရှိ King ကောလိပ်က ရုရှား ပညာရှင်တစ်ဦးဖြစ်တဲ့ Sam Greene က "ရုရှားပြည်သူတွေကတော့ ပူတင်ဟာ စစ်ပွဲ နှစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်။တစ်ပွဲက ယူကရိန်းမှာဖြစ်ပြီး၊နောက်တစ်ပွဲကတော့ရုရှားပြည်တွင်းမှာ ဖြစ်ပါတယ်" လို့ သူ့အမြင်ကို ပြောပါတယ် Sam Greene ဆိုလိုတာက စီးပွားရေးပိတ်ဆို့အရေးယူမှုဒဏ်ကြောင့် ရုရှားစီးပွားရေးပြိုလဲကာ ရုရှားပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်တာကို ပူတင်ကြုံရနိုင်တယ်လို့ ဆိုလိုတာပါ။ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Le Marie ကလည်း ရုရှားကို စီးပွားရေးစစ်ပွဲ ဆင်နွဲမယ်။ အဲဒီလိုဆင်နွဲတာဟာ ရုရှားတွေ နောက်ပြန်ဆုတ်သွား ဖို့ဖြစ်တယ်လို့ ပြောကြောင်းမတ်လ ၁ ရက်နေ့မှာ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
"ကျွန်တော်တို့ဟာ ရုရှားကို စီးပွားရေးနဲ့ ဘဏ္ဍာရေးစစ်ပွဲ မီးကုန်ယမ်းကုန်ဆင်နွဲနေပါပြီ။ရုရှားရဲ့စီးပွားရေး ပြိုလဲသွားစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ရုရှားပြည်သူတွေကိုရည်ရွယ်တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ယူကရိန်းကို ကျူးကျော်တဲ့အတွက် ရုရှားကို ဒဏ်ခတ်တာပါ"လို့ Le Marie ရဲ့ပြောကြားချက်တွေကို ရိုက်တာက ဖော်ပြထားပါတယ်။
ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ရုရှားသမ္မတ၊ဝန်ကြီးချုပ်တာဝန်တွေ ယူခဲ့ဖူးသူ၊အခုလောလောဆယ်မှာ ရုရှားရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ဆောင်ရွက်နေတဲ့ မက်ဒီဒက်ဖ်က သူ့ရဲ့ တွစ်တာကနေ" လူကြီးမင်းအနေနဲ့ စကားပြော ဆင်ခြင်သင့်ပါတယ်။လူသားတွေရဲ့ သမိုင်းမှာ စီးပွားရေးစစ်ပွဲတွေကနေတကယ့်စစ်ပွဲကြီးတွေ ဖြစ်ပွားခဲ့တယ်ဆိုတာကို မမေ့ပါနဲ့" လို့တုန့်ပြန်ခဲ့ပါတယ်။
ဥရောပနိုင်ငံတွေဟာ ရုရှားထံကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အများဆုံးဝယ်ယူ တင်သွင်းကြတာဖြစ်တဲ့ အတွက် ဥရောပရဲ့ စီးပွားရေးပိတ်ဆိုမှုဟာ ရုရှားကိုအကြီးအကျယ် ထိခိုက်စေမှာပါ။ အဲဒီလို ပိတ်ဆို့မှုတွေကြောင့် ဥရောပနိုင်ငံတွေမှာလည်း လောင်စာဆီဈေးနှုန်းတွေ တက်လာတာကို ကြုံတွေ့နေရပါတယ်။အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားပို့ကုန်တွေ မဝယ်ယူဘဲ သပိတ်မှောက်နေချိန်မှာ အိန္ဒိယက ရုရှားထံက ရေနံကို အောက်ဈေးနဲ့ဝယ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ရုရှားကလည်း တရုတ်ထံက စီးပွားရေးနဲ့ စစ်ရေး အကူအညီတွေတောင်းခံထား
ပါတယ်။အမေရိကန်ကတော့ တရုတ်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့သတိပေးထားပါတယ်။ယူကရိန်း
စစ်ပွဲရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုဟာ နှေးကွေးသွားမယ်။ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာမယ်။ရေရှည်မှာတော့ ကမ္ဘာ့စီးပွားရေးအစီအစဉ်သစ်တစ်ရပ်ကို အခြေခံကျကျ ပြန်လည်ပုံဖော်ရမယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့(IMF)ကပြောတဲ့အကြောင်းကို ရိုက်တာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။၂၀၂၂ မှာ ကမ္ဘာ့စီးပွာရေးဟာ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့တိုးတက်မှု ၄.၄ ရာနှုန်းအောက် ရောက်သွားနိုင်တယ်လို့ IMF ကခန့်မှန်းထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ယူကရိန်းကို ရှရုားကျူးကျော်မှုရဲ့ နောက်ဆက်တွဲ စီးပွားရေးစစ်ပွဲရဲ့ အကျိုးဆက်တွေကြောင့် လောင်စာဆီဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းတွေတက်တဲ့ဒဏ်ကိုတော့တကမ္ဘာလုံးရင်ဆိုင်ကြရမှာကတော့ သေချာကြောင်းပါ ခင်ဗျား။
-----------------------
ရုရှား-ယူကရိန်းစစ်ပွဲ နောက်ကွယ်က စီးပွားရေးစစ်ပွဲ