အခွန်ဘဏ္ဍာ မဖြုန်းတီးဖို့ ထိုင်းအစိုးရကို လူငယ်တွေ ဆန္ဒပြ

ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha ရဲ့ ဓာတ်ပုံကို မီးရှို့ဆန္ဒပြနေသူများ။ (ဇူလိုင် ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းအစိုးရအနေနဲ့ ပြည်သူ့အခွန်ဘဏ္ဍာတွေ ဖြုန်းတီးနေတာ ရပ်ဖို့ ရာနဲ့ချီတဲ့ လူငယ်တွေက တနင်္ဂနွေနေ့က ဘန်ကောက်မြို့တော် လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြလူငယ်တွေက ဂျပန်ကာတွန်း Hamtaro ထဲက အဓိကဇာတ်ကောင် Hamster လေးကို ပုံစံယူပြီး လွှတ်တော်ကို ဖျက်သိမ်း၊ အာဏာရှင်တွေ နုတ်ထွက်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဘန်ကောက်မြို့တော်က ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်တဝိုက်မှာ ဆန္ဒပြခဲ့ကြတာပါ။

SEE ALSO: ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်ဓာတ်ပုံ မီးရှို့ပြီး ဘန်ကောက်မှာ ဆန္ဒပြ

အခုလို ကာတွန်းဇာတ်ကောင် Hamster လေးကို ပုံစံယူပြီး ဆန္ဒပြရတာကတော့ အစဉ်အလာ ဆန္ဒပြတဲ့ ပုံစံတွေကနေ ခွဲထွက်ပြီး အစိုးရဘက်ကလည်း သတိထားမိလာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆန္ဒပြသူ လူငယ်တဦးက ပြောပါတယ်။

အခုဆန္ဒပြပွဲဟာဆိုရင် လွတ်လပ်တဲ့ လူငယ်လှုပ်ရှားမှုရဲ့ ဆန္ဒပြပွဲတွေထဲက တခုဖြစ်ပါတယ်။

လွတ်လပ်တဲ့ လူငယ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေက အဓိက တောင်းဆိုချက် သုံးခုကတော့ ပါလီမန်ကို ဖျက်သိမ်းဖို့၊ အစိုးရကို ဝေဖန်သူတွေကို နှိပ်ကွပ်နေတာ ရပ်ဖို့နဲ့ စစ်တပ်ကရေးတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အခွန်ဘဏ္ဍာ မဖြုန်းတီးဖို့ ထိုင်းအစိုးရကို လူငယ်တွေ ဆန္ဒပြ

----------------------------

(Unicode)




SEE ALSO: အစိုးရနုတ်ထွက်ရေး ထိုင်းပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြ


အခုဆန်ဒပွပှဲဟာဆိုရငျ လှတျလပျတဲ့ လူငယျလှုပျရှားမှုရဲ့ ဆန်ဒပွပှဲတှထေဲက တခုဖွဈပါတယျ။
