(Zawgyi / Unicode)
ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်တိုးလာတာကြောင့် ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ဖို့ ကန့်သတ်တားမြစ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။
အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေကို တနင်္ဂနွေညကျမှ တရားဝင်စပိတ်မှာ ဖြစ်ပေမယ့် စနေနေ့ညကတည်းက ပိတ်နေခဲ့တာကို တွေ့ရပါတယ်။
စားသောက်ဆိုင်တွေမှာ အရက်ရောင်းတာကို သီတင်း ၂ ပတ်ကြာ ပိတ်ပင်ကြောင်း၊ အနီရောင်ဇုန်နယ်မြေ သတ်မှတ်ထားတဲ့ ဘန်ကောက်မြို့နဲ့ တခြား ၁၈ နယ်မြေတို့မှာ ကုန်စုံဆိုင်တွေကို နေ့တိုင်း ပိတ်ထားရမှာဖြစ်ကြောင်း အစိုးရက ကြေညာထားပါတယ်။ တချိန်တည်းမှာပဲ ၅၉ ခရိုင်ကိုလည်း လိမ္မော်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
“ဒီတခါတော့ အသက်ဆက်ရှင်ဖို့ တော်တော်ရုန်းကန်ရလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော် ကားဆွဲဖို့ လူစောင့်နေတာ ညနေ ၄ နာရီကတည်းက အခုထိပဲ။ တနေကုန် ၃ ဒေါ်လာ (ဘတ် ၁၀၀) ပဲ ရသေးတယ်။ ဒီလောက်ပိုက်ဆံနဲ့ ဂက်စ်တောင် ပြန်ဝယ်လို့မရတော့ နေ့စဉ်စားစရိတ်ဆို ဝေးရောပေါ့။ အိမ်မှာရှိသမျှ ချရောင်းထားတာလည်း နောက်ထပ် ရောင်းစရာ မကျန်တော့ဘူး။” လို့ တုပ်တုပ်ဒရိုင်ဗာ ဂျင်ဒါ ဆာနာရာ့ချ်က ပြောပါတယ်။
SEE ALSO: ကမ္ဘာအဝန်း ကိုဗစ်ကူးစက်မှုတွေ တိုးလာတဲ့အပေါ် WHO သတိပေး၁ နှစ်နီးပါးကြာ အကြီးမားဆုံး ကန့်သတ်ပိတ်ဆို့မှုတွေ ရှိခဲ့ချိန်ကတည်းက ကားသမားတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အခု ကိုဗစ်ကူးစက်မှု တတိယလှိုင်း ဖြစ်လာတဲ့အခါ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁,၇၆၇ ယောက်ရှိခဲ့ပြီး ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၄၂,၃၅၂ ယောက်နဲ့ သေဆုံးသူ စုစုပေါင်းကတော့ ဒီကနေ့အထိဆိုရင် ၁၀၁ ယောက် ရှိသွားပြီဖြစ်ပါတယ်။
Your browser doesn’t support HTML5
---------------------
(Unicode)
SEE ALSO: ထိုင်းသင်္ကြန်ပွဲတော် ကိုဗစ်ကြောင့် နွှဲပျော်ခွင့်မရအရကျဆိုငျတှေ၊ စားသောကျဆိုငျတှနေဲ့ ကုနျစုံဆိုငျတှကေို တနငျ်ဂနှညေကမြှ တရားဝငျစပိတျမှာ ဖွဈပမေယ့ျ စနနေေ့ညကတညျးက ပိတျနခေဲ့တာကို တှေ့ရပါတယျ။