ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် နတ်ရွာစံခဲ့တဲ့(၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်မေ့သတိရခြင်းတွေဘုရင်ကြီးကို ရည်စူးတဲ့အလှူဒါနလုပ်တဲ့ပွဲတွေနဲ့ ဂါရဝပြုပွဲတွေကို ထိုင်းနိုင်ငံ တိုင်းနဲ့ပြည်နယ် ၇၇ခုမှာကျင်းပခဲ့ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ဒီပွဲတွေကို ကျင်းပတာတွေတက်ရောက်တာတွေကိုလုပ်ခဲ့ကြပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံက နန်းသက်အရှည်ကြာဆုံးထိုင်ဘုရင်ကြီး ဘူမိဘောအဒူယာဒက်အတွက် ထိုင်းနိုင်ငံတဝှန်းပြည်နယ်နဲ့ တိုင်း ၇၇ခုမှာရှိတဲ့ ဘုန်းတော်ကြိးကျောင်းတွေမှာ အလှူဒါနဲ့ပြုလုပ်တဲ့ပွဲတွေ အောက်မေ့သတိရခြင်းအထိမ်းအမှတ် ဂါရဝပြုပွဲတွေကို ကျင်းပခဲ့ရာမှာမြန်မာရွေပြောင်းအလုပ်သမားတွေလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံဆာမွတ်ဆာခွန်းခရိုင်မဟာချိုင်ဒေသမှာကတော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်က နေဦးစီးပြီး အလှူဒါနပွဲကို အောက်တိုဘာလ ၁၃ရက်နေ့က ကျင်းပခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်ရဲ့ဒုဥက္ကဌ ဦးအောင်ကျော်ကပြောပါတယ်။
"ထိုင်းနိုင်ငံမှာရှိတဲ့ တိုင်းနဲ့ပြည်နယ် ၇၇ခုမှာတော့ ထိုင်းဘုန်းတော်ကြီးကျောင်းတွေမှာ ဘုရင်မင်းမြတ်ကြီး နတ်ရွာစံတဲ့ အထိမ်းအမှတ်အောက်တိုဘာလ ၁၃ရက်နေ့ ဂါရဝပြုခြင်းတွေမှာတော့ ကျနော်တို့ရွှေ့ေ့ပြာင်းအလုပ်သမားတွေက ပါဝင်ပြီး ကုသိုလ်ပြုတာ ဆွမ်းကပ်တာတွေ ကိုလုပ်ခဲ့ပါတယ်။ ဆာမွတ်ဆာခွန်းခရိုင်မှာတော့ ကျနော်တို့စာသင်ကျောင်းမှာကျောင်းသား ၅၆၀ကျော်ရှိတယ် ဆရာ၊ ဆရာမ ၁၅ဦးရှိတယ် ကျနော်တို့က မနက်ပိုင်းမှာသံဃာတွေကို ဆွမ်းကပ်တာကို ကျနော်တို လုပ်ခဲ့ကြပါတယ်။"
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာတော့ ကလေးသူငယ်များနဲ့ အမျိုးများအတွက် ကူညီစောင့်ရှောက်ရေးအဖွဲ့က ကလေးတွေက ဘုရင်ကြီးနတ်ရွာစံတဲ့ ၂နှစ်ပြည့်တဲ့နေ့မှာဆီမီးထွန်း ဂါရဝပြုတာတွေကိုလည်း လုပ်ခဲ့ကြပါတယ်။
ဦးအောင်ကျော်ကတော့ ထိုင်းဘုရင်ကြီးဟာမြန်မာနိုင်ငံသားတွေအကျိုးအတွက် လုပ်ဆောင်ခဲ့တာကြောင့်သူရဲ့ကျေးဇူးတွေကို အောက်မေ့သတိရတဲ့အနေနဲ့ မြန်မာတွေက အခုလိုလုပ်ခဲ့ကြတာလို့ဆိုပါတယ်။
"မြန်မာနိုင်ငံသားတွေကို လူသားတွေပဲဆိုပြီး တန်ဖိုးထားတယ်။ သူလက်ထက်မှာမြန်မာနိုင်ငံသားတွေကိုစနစ်တကျ နေထိုင်နိုင်ဖို့အလုပ်အကိုင်တွေပေးတာ နေရာတွေပေးတာ ကာကွယ်စောင့်ရှောက်ဖို့ဥပဒေတွေပြဌာန်းတာတွေအများကြီးလုပ်ပေးခဲ့တာတွေအများကြီးရှိခဲ့ပါတယ်"
ထိုင်းနိုင်ငံ ကိုးဆယ်မြောက်ဘုရင်ကြီးဖြစ်တဲ့ ဘူမိဘောအဒူယာဒက် ဟာ ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ဘုရင်တပါးလည်းဖြစ်ပါတယ်။ သူလက်ထက် ထိုင်းနိုင်ငံတဝှမ်းမှာတိုးတက်ကောင်းမွန်အောင်တွေ လုပ်ဆောင်ခဲ့ရုံသာမက နယ်စပ်နေပြည်သူတွေအပေါ်မှာလည်းမေတ္တာထားနိုင်ခဲ့သူပါ။ သူထက်ထက်မှာပဲ နိုင်ငံမဲ့တွေကို ခိုလှုံခွင့်များစွာပေးခဲ့ပြီး နိုင်ငံမဲ့ကလေးတွေအတွက် ပညာရေးကျန်းမာရေး အခွင့်အလန်းတွေ ရရှိနိုင်တဲ့ဥပဒေတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံတွင်းမှာ ဆယ်စုနှစ် ၃စုထက်မနည်း နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ဟာလည်း နိုင်ငံသားတွေရရှိခဲ့သလို ထိုင်းနိုင်ငံသားတွေနည်းတူအခွင့်အလမ်းတွေလည်းပေးခဲ့သူပါ။ ဒီအတွက် ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ဘုရင်ချစ်ခင်စိတ်နဲ့ နတ်ရွာစံတဲ့ နှစ်ပတ်လည်နေမှာ အလျူဒါနတွေပြုလုပ်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5