Amnesty International အဖွဲ့ကို နှင်ထုတ်ဖို့ ထိုင်းအစိုးရပြင်ဆင်

  • ဗွီအိုအေမြန်မာပိုင်း

Pro-democracy demonstrators flash a three-finger salute while sitting on the ground during a Thai anti-government mass protest, on the 47th anniversary of the 1973 student uprising, in Bangkok, Thailand October 14, 2020. REUTERS/Soe Zeya Tun


Amnesty International အဖွဲ့ကို နှင်ထုတ်ဖို့ ထိုင်းအစိုးရပြင်ဆင်

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ ဘုရင်ရဲ့ သြဇာအရှိန်အဝါကို ကန့်သတ်ဖို့ တောင်းဆိုဆန္ဒပြသူတွေကို အားပေးထောက်ခံနေတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Amnesty International ကို တိုင်းပြည်က နှင်ထုတ်ဖို့ တောင်းဆိုမှုတွေ ရှိနေတာကြောင့် လက်တွေ့ဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချိန်အိုချာရဲ့ အကြီးတန်းလက်ထောက် အရာရှိတယောက်က ပြောလိုက်ပါတယ်။

AI ကို နှင်ထုတ်ဖို့ ထောက်ခံသူတွေကို ပြီးခဲ့တဲ့နှစ်ကစ စုဆောင်းခဲ့ရာမှာ အခုအခါ လက်မှတ်ထိုးတဲ့သူ ၁ သန်း ရရှိထားတာကြောင့် ပြည်ထဲရေးနဲ့ အမျိုးသားလုံခြုံရေးကောင်စီကို ကြာသပတေးနေ့မှာ တင်ပြဖို့ ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ ဒုဝန်ကြီး Seksakol Atthawong က ဗွီအိုအေကို ပြောပါတယ်။

ထိုင်းဘုရင်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဆူပူသူတွေနဲ့ AI အဖွဲ့ဟာ ပူးပေါင်းလှုပ်ရှားနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းတုန်းက ဝန်ကြီးချုပ် ပရာယွတ် ရာထူးက နုတ်ထွက်ပေးဖို့ နဲ့ နောက်ပိုင်းမှာတော့ ဘုရင်စနစ်က နိုင်ငံရေးကို သြဇာလွှမ်းမိုးမှုမရှိအောင် ပြုပြင်ပြောင်းလဲဖို့ အချက် ၁ဝ ချက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဆူပူသူတွေလို့ ထိုင်းအာဏာပိုင်တွေ ရည်ညွှန်းပြောဆိုလေ့ ရှိပါတယ်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကတော့ ပြုပြင်ရေး ၁ဝ ချက်ဟာ ဘုရင်စနစ်ကို ဖယ်ရှားဖို့ ရည်ရွယ်တဲ့ အခြေခံဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် မကြာသေးခင်ကပဲ ဆုံးဖြတ်ခဲ့တာပါ။ AI အဖွဲ့ကတော့ တရားရုံးဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေအတွက် အန္တရာယ်ကြီးမားတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ပါတယ်။

.....................................................

Your browser doesn’t support HTML5

Amnesty International အဖွဲ့ကို နှင်ထုတ်ဖို့ ထိုင်းအစိုးရပြင်ဆင်



{{Unicode}}



