အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် Houston မြို့တဝိုက်မှာတော့ သမိုင်းဝင် အပူပိုင်းမုန်တိုင်းမိုး ဆက်လက် ရွာသွန်းနေဆဲ ဖြစ်ပါတယ်။ နောက်ရက်ပိုင်းတွေ အထိ ဆက်ပြီး မိုးရွာနေဦးမယ်လို့ ခန့်မှန်းထားကြသလို အကြီးအကျယ် ရေလွှမ်းမိုးပြီး ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်သားတွေ ကယ်နိုင်အောင် ကြိုးပမ်းနေကြပါတယ်။ အခုအချိန်ထိ မုန်တိုင်းကြောင့် သေဆုံးသူ နှစ်ဦး ရှိပါတယ်။
ရာနဲ့ချီတဲ့ ကယ်ဆယ်ရေး လုပ်သားတွေက ရဟတ်ယာဉ်တွေ၊ မော်တော်ဘုတ်တွေနဲ့ ရေထဲမှာသွားလာရင်း ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေကြပါတယ်။ ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကုသရေးအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းဆောင်ရွက်နေကြသလို အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၃ ထောင်လည်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေကြပါတယ်။
ဒီကနေ့ တနလာၤနေ့မှာ Huston မြို့ကို နောက်ထပ် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် တစ်ထောင် ထပ်တိုးဖို့ညွှန်ကြားမယ်လို့ တက္ကဆက် အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။ Houston မြို့ဝင် မြို့ထွက် လမ်းမကြီးတွေကလည်း ရေကြီးရေလွှမ်းမိုးမှုကြောင့် မြစ်ကြီးတွေလို ဖြစ်နေပြီး မြို့က လေဆိပ်နှစ်ခုကိုလည်း ပိတ်ထားရပါတယ်။ ဟာရီကိန်း မုန်တိုင်း Harvey အဖြစ်နဲ့ ကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ ညပိုင်းမှာ Huston မြို့ဝန်းကျင်တဝိုက် မိုးရေချိန်၂၅ စင်တီမီတာထိ ထပ်ပြီးရောက်ရှိခဲ့တာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်တဲ့ Houston မြို့မှာပိုပြီး ရေကြီးစေခဲ့တာပါ။ တချို့နေရာတွေမှာဆိုရင် မိုးရေချိန် ၆၀ စင်တီမီတာကျော် အထိ ရောက်ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5