ကန်စစ်သားတွေကို သုတ်သင်ဖို့ တာလီဘန်ကို ရုရှား မြှောက်ပေးတယ်ဆိုတဲ့ကိစ္စ အစီရင်ခံချက်မရှိ (သမ္မတ Trump)

အမေရိကန်သမ္မတ Donald Trump.

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်စစ်သားတွေကို သတ်ဖြတ်ဖို့ တာလီဘန် စစ်သွေးကြွတွေကို ရုရှား စစ်ထောက်လှမ်းရေးအဖွဲ့က ဆုလာဘ်ငွေကြေး ပေးမယ်ဆိုတဲ့ လျှို့ဝှက်တဲ့ ကမ်းလှမ်းချက်တွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းမျိုး သူ့အနေနဲ့ မကြားမိခဲ့ဘူးကြောင်း အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့က ပြောပါတယ်။

နယူးယောက်တိုင်းမ်စ် သတင်းစာမှာတော့ ရုရှားတပ်ဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ မနှစ်က တနှစ်လုံး လှုပ်ရှားနေခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေရဲ့ ပြီးခဲ့တဲ့လတွေအတွင်း သုံးသပ်ချက်ကို ကိုးကား ဖော်ပြထားပါတယ်။

အနောက်နိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဥရောပမှာ လှုပ်ရှားတဲ့ လုပ်ကြံသတ်ဖြတ်ရေး ကြိုးပမ်းမှုတွေ၊ လျှို့ဝှက်စစ်ဆင်ရေးတွေဟာ ဒီ ရုရှားတပ်ဖွဲ့နဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။

SEE ALSO: အာဖဂန်မှာရှိတဲ့ ကန် တပ်ဖွဲ့တွေ စီစဉ်ထားတဲ့အတိုင်း ဇူလိုင်လမှာ ရုပ်သိမ်းမည်

အာဖဂန်မှာ ရုရှားရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ သမ္မတ Trump အနေနဲ့ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းမှာ အစီရင်ခံစာတွေ ရခဲ့ပြီးပါပြီ။

ဒါပေမယ့် သူ့ရဲ့ တွစ်တာမှာတော့ ဒုသမ္မတ Mike Pence ဖြစ်ဖြစ် အိမ်ဖြူတော် အရာရှိချုပ် Mark Meadows ကပဲဖြစ်ဖြစ် အာဖဂန်အခြေအနေမှာ ရုရှားနဲ့ ပတ်သက်လို့ တင်ပြပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ သမ္မတ Trump က ရေးသားထားပါတယ်။

ဒါ့အပြင် နယူးယောက်တိုင်းမ်စ်မှာ သတင်းအရင်းအမြစ်ကို အတိအကျ ဖော်ပြထားခြင်း မရှိတဲ့အတွက် သတင်းအတုအယောင်သာ ဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့လည်း အားလုံးက ငြင်းဆိုနေကြပြီး အမေရိကန်တပ်တွေအပေါ်မှာ တိုက်ခိုက်မှုတွေ မရှိခဲ့ဘူးလို့ သမ္မတ Trump က တုံ့ပြန်ရေးသားထားပါတယ်။

Your browser doesn’t support HTML5

ကန်စစ်သားတွေကို သုတ်သင်ဖို့ တာလီဘန်ကို ရုရှား မြှောက်ပေးတယ်ဆိုတဲ့ကိစ္စ အစီရင်ခံချက်မရှိ (သမ္မတ Trump)

--------------------------------

(Unicode)





SEE ALSO: အာဖဂန်ငြိမ်းချမ်းရေး အမေရိကန်နဲ့ တာလီဘန် ပြန်ဆွေးနွေး


ဒါပမေယ့ျ သူ့ရဲ့ တှဈတာမှာတော့ ဒုသမ်မတ Mike Pence ဖွဈဖွဈ အိမျဖွူတောျ အရာရှိခြုပျ Mark Meadows ကပဲဖွဈဖွဈ အာဖဂနျအခွအေနမှော ရုရှားနဲ့ ပတျသကျလို့ တငျပွပွောဆိုတာမြိုး မရှိခဲ့ဘူးလို့ သမ်မတ Trump က ရေးသားထားပါတယျ။
