ကိုမင်းသွေးသစ်ရဲ့ ထောင်တွင်းအတွေ့အကြုံများ

Your browser doesn’t support HTML5

စစ်အာဏာသိမ်းလိုက်ချိန် စစခြင်း၊ ချက်ခြင်း အထိန်းသိမ်းခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ရဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူပေါင်း တသောင်းခုနှစ်ထောင်ကျော် အဖမ်းဆီးခံရပြီး သေဒဏ်ချခံထားရသူတွေအပါအဝင် ပုဒ်မမျိုးစုံတပ် ထောင်ချခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ထောင်တွင်း စစ်ဆေးမေးမြန်း ညှင်းပမ်းနှိပ်စက်မှုတွေဟာ နှုတ်နဲ့ဖွင့်ဟ ပြောမထွက်နိုင်အောင် ကြမ်းကြုတ်ရက်စက်ခဲ့သလို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အတော်လေးကို နစ်နာထိခိုက်ခဲ့ကြရတယ်လို့ စစ်ကောင်စီ အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာသူ ကိုမင်းသွေးသစ် က ပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ချိန် စစခြင်း၊ ချက်ခြင်း အထိန်းသိမ်းခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ရဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

=== Unicode ====
