US Open တင်းနစ် အမျိုးသား တဦးချင်း ဗိုလ်လုပွဲမှာ ဆွစ်ဇာလန်နိုင်ငံသား Stan Sawrinka က ဆားဗီးယားနိုင်ငံသား Novak Djokovic ကို ၃ ပွဲ ၁ ပွဲနဲ့ အနိုင်ရပြီး ချန်ပီယံဆု ကို ဆွတ်ခူး ရရှိသွားပါတယ်။
ကမ္ဘာ့အဆင့် နံပတ် (၁) Djokovic နဲ့ အဆင့် နံပတ် (၃) ရှိသူ Wawrinka တို့ ၂ ဦး ပထမပွဲစဉ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာမှာ တဦးနဲ့ တဦး အပြန်အလှန် Break တွေလုပ်နိုင်ခဲ့ကြပေမယ့် အဆုံးသတ်မှာတော့ Tiebreak နဲ့ အဆုံးအဖြတ်ပေးပြီး Djokovic က အနိုင်ရသွားခဲ့ပါတယ်။
ဒါပေမယ့် Wowrinka က နောက်ထပ် ၃ ပွဲ ဆက်တိုက် အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့တာပါ။ ၄ ပွဲမြောက်မှာတော့ Djokovic က ခြေထောက်မှာ ဒဏ်ရာရနေတဲ့အတွက် နည်းပြ၊ ဆရာဝန်တွေ ပြသဖို့အတွက် ၂ ကြိမ်တိုင်တိုင် ပွဲစဉ်ကို ခဏ နားခဲ့ရပါတယ်။
US Open ဆုကြေးအဖြစ် Angelique Kerber အနေနဲ့ အမေရိကန်ဒေါ်လာ ၃ သန်းခွဲ ရရှိသွားခဲ့ပါတယ်။ US Open Grand Slam ဟာ တင်းနစ်ပြိုင်ပွဲတွေ အားလုံးမှာ ဆုကြေးငွေ အများဆုံး ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
စနေနေ့ ညနေက ကျင်းပတဲ့ အမျိုးသမီး တဦးချင်း ဗိုလ်ပွဲမှာတော့ ဂျာမနီနိုင်ငံသူ Angelique Kerber (အင်ဂျယ်လစ်ခ် ကာဘာ) က ချက်သမ္မတနိုင်ငံသူ Karolina Pliskova (ကာရိုလီးနား ပလစ်စကိုဗာ) ကို အနိုင်ရပြီး ချံပီယံ ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။
အခု US Open မှာ အနိုင်ရလိုက်တဲ့အတွက် Angelique Kerber ဟာ အမျိုးသမီး တင်စနစ်မှာ ကမ္ဘာ့ အဆင့်နံပတ် (၁) ဖြစ်သွားပြီ ဖြစ်ပါတယ်။