၂၀၁၄ အာကာသ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုတချို့

Celebrating scientists in the main control room appear on a video screen at the European Space Agency after the first unmanned spacecraft Philae landed on a comet called 67P/Churyumov-Gerasimenko, in Darmstadt, Germany, Nov. 12, 2014.

2014 ခုနှစ်ဟာ အာကာသ စူးစမ်းလေ့လာရေးနဲ့ ပါတ်သက်ပြီး အရေးပါတဲ့ အောင်မြင်မှုတချို့ ရခဲ့တဲ့နှစ်လို့ ပြောရမှာပါ။ ကမ္ဘာကနေ မိုင်ပေါင်း သန်းချီဝေးတဲ့ နေရာက ကြယ်တံခွန် ပေါ်ကို လူသားတွေ လွှတ်တင်တဲ့ အာကာသယာဉ် ဆင်းသက်နိုင်တာလို အောင်မြင်မှုတွေ ရှိခဲ့ပေမယ့် လူသေဆုံးတဲ့အထိ ဆုံးရှုံးမှု တချိုလည်း ရှိနေတာပါ။

နာဆာက စကြာဝဋာထဲက အဝေးဆုံး နေရာတွေ သွားနိုင်ဖို့ ခက်ခက်ခဲခဲ ထွင်ထားတဲ့ အင်မတန်ကြီးမားတဲ့ Delta 4 ရော့ကက်နဲ့ သိပ်လေးတဲ့ Orion အာကာသယဉ်သစ်ကို ပထမဆုံး လွှတ်တင်တာ အောင်မြင်ခဲ့ပါတယ်။ ဒီယာဉ်ဟာ လူ ၄ ဦးလိုက်ပါနိုင်ပြီး ဒီအောင်မြင်မှုဟာ နောက်နှစ်ပေါင်း ၁၅ နှစ် အနှစ် ၂၀ လောက်မှာ လူသားတွေ အင်္ဂါဂြိုဟ်ဆီ ခရီးထွက်ဖို့ ပြင်ဆင်တဲ့ ပထမခြေလှမ်းပါ။ သူ့ကို နာဆာက 2018 ခုနှစ်မှာ လကမ္ဘာမှာ ပါတ်ဖို့ လွှတ်မှာဖြစ်ပြီး 2021 ခုနှစ်မှာတော့ အာကာသ ယဉ်မှုးနဲ့ ပထမဆုံး လွှတ်ဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာကနေ မိုင်သန်းပေါင်း ၁၂ ထောင်လောက်ကနေ တနာရီကို မိုင် ၄ သောင်း လောက်နဲ့ ခရီးဆက်နေတဲ့ Voyager ဂြိုဟ်တုကတော့ အခု နေစင်္ကြာဝဋ္ဌာရဲ့ နယ်နိမိတ် ကိုဖြတ်ပြီး လူသားတွေတင်တဲ့ ဂြိုဟ်တုတွေထဲမှာ အဝေးဆုံး ခရီးကို ခုထိသွားနေဆဲပါ။

သြဂုတ်လထဲမှာ ကမ္ဘာကနေ မိုင် သန်းပေါင်း ၂၅၀ ကျော်အကွာက ကြယ်တံခွန်ရဲ့ ပါတ်လမ်းထဲကို လူသားတွေရဲ့ ပထမဆုံးယာဉ် Rosetta ကို ဥရောပ အာကာသ စူးစမ်းရေးဌာနက လွှတ်တင်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့ ကြယ်တံခွန်ပေါ်ကို ဖီလေး (Philae) ဂြိုဟ်ဆင်းယဉ် ပထမဆုံး ဆင်းသက်ခဲ့တာပါ။

စက်တင်ဘာလတုန်းကတော့ အင်္ဂါဂြိုဟ်ရဲ့ လေထုကိုလေ့လာတဲ့ အမေရိကန် satellite ဂြိုလ်တု MAVEN ဟာ ဂြိုဟ်ပါတ်လမ်းထဲ ဝင်ရောက်ခဲ့ပြီး ဂြိုဟ်ရဲ့ လေထုနဲ့ ရေပါဝင်မှုကို လေ့လာခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ တချိန်တုန်းက အခုထက် ပိုသိပ်သည်းသလို လွန်ခဲ့တဲ့ နှစ်သန်း ထောင်ချီရှိချိန်က သိသိသာသာ စတင်ပြောင်းခဲ့ပေမယ့် ဘာ့ကြောင့် ဘယ်လိုပြောင်းသွားတယ် ဆိုတာတော့ ခုထိမသိရသေးပါဘူး။

MAVEN ရောက်ပြီး မကြာခင်ရောက်သွားတာက အိန္ဒိယက မန်ဂလီယမ်း (Mangalyaan)ပါ။ တကြိမ်ထဲနဲ့ အင်္ဂါဂြိုဟ်ပါတ်လမ်းထဲ အရောက် ဝင်နိုင်တဲ့ ပထမဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ သူကတော့ နည်းပညာ တိုးတက်ဖို့ နဲ့ နောင်စူးစမ်းရေးတွေအတွက် အတွေ့အကြုံယူတာဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ပုဂ္ဂလိက အာကာသယဉ်ထုတ် ကုမ္ပဏီ ၂ ခုကတော့ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ Orbital Sciences ကုမ္ပဏီရဲ့ ကုန်တင်ရော့ကက် Antares ဟာ နိုင်ငံတကာ အာကာသကို အသွား အတက်မှာ ပေါက်ကွဲခဲ့သလို Virgin Galactic ရဲ့ SpaceShip Two ဟာလည်း စမ်းသပ်မောင်းနှင်တုန်း ပေါက်ကွဲခဲ့တာမို့ ယာဉ်မှုး ၂ဦးသေဆုံးခဲ့ ရပါတယ်။