ကမ္ဘာပေါ်မှာ စွမ်းအင်အတွက် သုံးနေတဲ့ လောင်စာဆီတွေဟာ သဘာဝ ဝန်းကျင် ကို ညစ်ညမ်းစေတာမို့ သန့်ရှင်းတဲ့ ဝန်းကျင်ရအောင် အစားထိုး စွမ်းအင်တွေကို ရှာဖွေ လာကြပါတယ်။
ဒီအထဲမှာ အစားထိုး ပြည့်မြဲစွမ်းအင် တွေထဲကတခု ဖြစ်တဲ့ လေစွမ်းအားကို တွင်တွင်ကျယ်ကျယ် သုံး နိုင်ဖို့ ကျိုးစားလာတဲ့ နိုင်ငံတွေ အများကြီးတွေ့ရ ပါတယ်။ တကယ်တော့ လေစွမ်းအင်ကို ဟိုးအရင် ကတည်းက လူသားတွေ သုံးနေကြတာပါ။ လေရဟတ်ကို သုံးပြီး ဆန်စပါးနဲ့ သီးနှံ ကြိတ်ခွဲတာ ရေစုပ်စက်မှာ သုံးတာမျိုးဟာ ဥပမာ ရှမ်းပြည်နယ် ထဲမှာ ဟိုအရင်ကတည်းက ရှိပါတယ်။ အခုခေတ်မှာတော့ မရှိမဖြစ် လိုအပ်နေတဲ့ လျှပ်စစ်မီး ရဖို့ လေအားကို သုံးလာကြပါပြီ။
လေကနေ လျှပ်စစ်ရအောင် လုပ်တဲ့ နေရာမှာ ပထမဆုံး လေစွမ်းအင် ရအောင် နေရာကို ရွေးရပါတယ်။ ရှင်းလင်းတဲ့ လေအားကောင်းတဲ့ ကွင်းပြင် မြေပြန့်တွေ၊ တောင်ထိပ်တွေမှာသာမက ကမ်းနား ရေပြင်တွေမှာပါ စွမ်းအားကောင်းတဲ့ လေကို ရနိုင်ပါတယ်။ နေရာ ရွေးပြီးရင် လေစွမ်းအား ထုတ်နိုင်ဖို့ တာဘိုင်စက်တွေကို တပ်ဆင်ရပါတယ်။ တာဘိုင်စက်မှာ လေတိုးဖို့ ဒလက်တွေကို တပ်ဆင်ထားတာပါ။ များသောအားဖြင့် ဒလက် ၃ ခု တပ်လေ့ရှိပြီး သူတို့ကို ဝင်ရိုးနဲ့ ဆက်ထားပါတယ်။ လေတိုးတဲ့အခါ ဒလက်က လည်ပြီး ဝင်ရိုးနဲ့ ဆက်နေတဲ့ လျှပ်စစ်ထုတ်ပေးတဲ့ ဂျင်နရေတာကို လှည့်ပေးပါတယ်။ ဒီအခါမှာ လျှပ်စစ်ကို ရတာပါ။ ဒီလို တာဘိုင်တွေကို တန်းစီထားပြီး လျှပ်စစ်ကို စုဆောင်းနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး လေစွမ်းအားသုံး လျှပ်စစ်ထုတ်လုပ်တဲ့ နေရာဟာ အမေရိကန်နိုင်ငံ Texas ပြည်နယ် Roscoe မှာ ရှိပါတယ်။ Rosceo wind farm ဟာ ဧက တသိန်းလောက်ရှိတဲ့ နေရာမှာ ဆောက်ထားတာ ဖြစ်ပြီး တာဘိုင်စက်ပေါင်း ၆၂၇ စက် ရှိပါတယ်။ GE တို့ Siemen တို့ Mitsubishi တို့လို ကုမ္ပဏီ အမျိုးမျိုးက ထုတ်တဲ့ တာဘိုင်စက်တွေကို တပ်ထားတာပါ။ တာဘိုင် အမြင့်က ပေ ၃၅၀ ကနေ ၄၀၀ လောက်အထိ မြင့်ပါတယ်။ တခုနဲ့ တခု ပေ ၉၀၀ လောက် အကွာမှာ ချထားတာပါ။
၂၀၀၇ ခုနှစ်က စပြီး ဆောက်လုပ်ခဲ့တဲ့ ဒီ စက်ရုံက တကယ်လို့ စွမ်းအား အပြည့်မှာ ဆိုရင် ပါဝါစွမ်းအားက ၇၈၁ မီဂါဝပ်လောက် ထုတ်ပေးနိုင်ပြီး အိမ်ခြေပေါင်း ၂ သိန်း ၃ သောင်း လောက် အတွက် လျှပ်စစ်မီး ပေးဝေနိုင်ပါတယ်။ လ ျှပ်စစ်ထုတ်ပြီးရင် လ ျှပ်စစ် ဖြန့်ဖြူးတဲ့ ကွန်ယက်ထဲကို ထည့်ပေးရပါတယ်။ အခု ဒီစက်ရုံမှာ ကွန်ယက်တွေကိုပါ တည်ဆောက်ထား ပြီးဖြစ်ပါတယ်။
ဒီလေအား လျှပ်စစ်စက်ရုံ စီမံကိန်းဖြစ်လာအောင် အစပျိုးခဲ့သူက ဝါစိုက်တောင်သူ တဦးဖြစ်တဲ့ Cliff Etheredge ပါ။ ဒီလေအားလ ျှပ်စစ်ထုတ် စက်ရုံကို ဝါစိုက်တဲ့ ခြံပေါင်း ၄၀၀ လောက် ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး ရတဲ့ အကျိုး အမြတ်ကို ခွဲဝေယူကြတာပါ။ ဒါဟာ ဒေသခံ တောင်သူတွေရဲ့ ဝေးလံခေါင်ဖျား ဒေသကို တိုးတက်လာစေတဲ့အပြင် စီးပွါးရေးကိုလည်း မြှင့်တင်ပေး နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြန်ပြူးပြီး လေအားကောင်းတဲ့ အလယ်ပိုင်း ဒေသတွေအတွက် လေစွမ်းအားသုံး စက်တွေ အလုပ်ဖြစ်နိုင်တယ်လို့ သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။ ဒါ့အပြင် ရှည်လျားလှတဲ့ ကမ်းရိုးတန်းရှိနေတဲ့ မြန်မာနိုင်ငံမှာ ကမ်းရိုးတန်းဒေသကို လေစွမ်းအားသုံး လ ျှပ်စစ်ထုတ်ဖို့ အသုံးချနိုင်တယ်လို့ ပြောပါတယ်။
ကမ်းရိုးတန်းဒေသ ရေပြင်ပေါ်မှာ လေအားသုံး လ ျှပ်စစ် စက်ရုံဆောက်ထားတဲ့ ထဲက အအောင်မြင်ဆုံးလို့ သတ်မှတ်ကြတဲ့ ဒိန်းမတ်နိုင်ငံက ဥပမာကို ကြည့်ရ အောင်ပါ။ နိုင်ငံ သေးလေးတခုဖြစ်တဲ့ ဒိန်းမတ်နိုင်ငံဟာ ပြည်ပက ရေနံလောင်စာကို တင်သွင်းသုံးစွဲနေရာက ၁၉၇၀ နှစ်တွေမှာ အဖြတ်ခံရတာမို့ ကိုယ့်အားကိုယ်ကိုးဖို့ ကျိုးစားခဲ့ပါတယ်။ မြေနေရာ မရှိတဲ့ အတွက် ဘောလတစ်ပင်လယ်ပြင်ထဲမှာ လေစွမ်းအားသုံး တာဘိုင်စက်ကြီး ၃ လုံးတည်ဆောက်ထားတာပါ။ ကမ်းနဲ့ ၁၀ ကိုက် လောက်အကွာမှာ ဆောက်ထားတာဖြစ်ပြီး စက်တလုံးဟာ ပေ ၅၀၀ လောက်မြင့်ပါတယ်။ ဒလက်တခု တန် ၂၀ လောက်လေးတဲ့ တာဘိုင်စက်တွေပါ။ တာဘိုင်တလုံးကနေ လ ျှပ်စစ် ဓါတ်အား ၃.၆ မီဂါဝပ်ထုတ်ပေးပြီး အိမ်ခြေ ၃ ထောင်လောက်ကို မီးပေးနိုင်ပါတယ်။ လက်ရှိမှာ နိုင်ငံတွင်း လ ျှပ်စစ် လိုအပ်ချက်ရဲ့ သုံးပုံတပုံ အတွက် ပေးဝေနိုင်ပြီး မကြာခင်မှာ ထက်ဝက်လောက်အထိ တိုးပေးနိုင်တော့မှာပါ။
ဒိလေအားသုံး တာဘိုင်စက်ကြီးတွေကနေ လ ျှပ်စစ်ထုတ်တာဟာ ဖန်လုံအိမ်ဓါတ်ငွေ့ အတွက် စိုးရိမ်စရာ မလိုသလို စိုက်ပျိုးကွင်းတွေမှာ တောင်သူတွေနဲ့ အတူတွဲလုပ်ကိုင် နိုင်တာမို့ သဟဇာတ မ ျှပါတယ်။ သူ့မှာ စိုးရိမ်စရာတခုက ငှက်တွေ ဒလက်တွေကို ဝင်တိုးမိပြီး သေဆုံးရတဲ့ အဖြစ်တွေ ကြောင့်ပါ။ ဒါပေမယ့် ဝါရှင်တန်ပြည်နယ်က သင်္ချာ ပါမောက်ခ တဦးရဲ့ တာဘိုင်နဲ့ ငှက်တွေ ဝင်တိုက်နှုံးတွက်ချက်မှုကြောင့် အခု အတော် အဆင်ပြေနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လေအားသုံး တာဘိုင်စက်တွေ တပ်ဆင်မယ်ဆိုရင် ငှက်တွေ ကျက်စားတဲံ နေရာ၊ ငှက်တွေရဲ့ လမ်းကြောင်းကိုပါ လေ့လာဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွက် လေအားသုံး လ ျှပ်စစ်ထုတ်တာကို လုပ်နေကျ ကုမဏီကြီးတွေ နဲ့ တိုင်ပင်ပြီး အကြံဉာဏ်ယူနိုင်သလို တကသိုလ် သုတေသန လုပ်ငန်းတွေ ချထားပြီးလည်း အစပျိုး လုပ်ဆောင်နိုင်ပါတယ်။