၂၀၁၇ သိပ္ပံ နည်းပညာ တိုးတက်မှုများ

This image made available by NASA in April 2017 shows a still from the short film "Cassini's Grand Finale," with the spacecraft diving between Saturn and the planet's innermost ring.

၂၀၁၇ ခုနှစ်အတွင်း သိပ္ပံဆိုင်ရာ တိုးတက်မှုတွေ အကြောင်း အမေရိကန် အမျိုးသား အာကာသ စူးစမ်းရေးအဖွဲ့ နာဆာက မြန်မာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

ပထမဆုံး နာဆာရဲ့ ၂၀၁၇ ခုနှစ်အတွင်း သိပ္ပံဆိုင်ရာ တိုးတက်မှု တွေကို ကြည့်ရအောင်ပါ။

၂၀၁၇ သိပ္ပံ နည်းပညာ တိုးတက်မှုများ

၂၀၁၇ ခုနှစ်အတွင်း သိပ္ပံဆိုင်ရာ တိုးတက်မှုတွေ အကြောင်း အမေရိကန် အမျိုးသား အာကာသ စူးစမ်းရေးအဖွဲ့ နာဆာက မြန်မာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

ပထမဆုံး နာဆာရဲ့ ၂၀၁၇ ခုနှစ်အတွင်း သိပ္ပံဆိုင်ရာ တိုးတက်မှုတွေကို ကြည့်ရအောင်ပါ။

၂၀၁၇ ခုနှစ်ထဲမှာ အပြည်ပြည် ဆိုင်ရာ အာကာသစခန်းပေါ်မှာ သိပ္ပံသုတေသန ပြုလုပ်ခဲ့ တဲ့ စမ်းသပ်မှုပေါင်းက ၁၇၀ ကျော်ပါတယ်။. အဲဒီထဲမှာ ကမ္ဘာ့ရာသီဥတု တိုင်းတာတာ၊ နျူထရွန် ကြယ်တွေ လေ့လာတာ၊ နောက် dark matter ဆိုတဲ့ အမှောင်ဒြပ် အဲဒါတွေကို လေ့လာတဲ့သုတေသနတွေ အများကြီး ပါပါတယ်။

အပြည်ပြည် ဆိုင်ရာ အာကာသစခန်းမှာ Peggy Whitson ဟာ အမျိုးသမီး အာကာသ ယာဉ်မှူးအနေနဲ့ ၂၈၈ နေခဲ့ပြီးတော့ အမေရိကန်တွေ အာကာသထဲမှာ အကြာဆုံး နေထိုင်ခဲ့တဲ့စံချိန်ကို တင်ခဲ့ပါတယ်။

နာဆာက တခြားဂြိုဟ်တွေကို လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေ ၂၀၁၇ မှာ ဘယ်အခြေနေ ရောက်နေပါပြီလဲ။

စနေဂြိုဟ်ပေါ်မှာ ဝဲပြီးတော့ သိပ္ပံအချက်အလက်တွေ ပို့နေတဲ့ Cassini ဂြိုဟ်တုဟာ လောင်စာစွမ်းအင် ကုန်သွားတဲ့အတွက် သူ့ကို စနေဂြိုဟ်ရဲ့ လေထုထဲမှာပဲ ဖျက်ဆီးပစ်ခဲ့ ပါတယ်။ သူ့ရဲ့ တာဝန်ပြီးတဲ့အထိ အလုပ်လုပ်သွားနိုင်တယ်လို့ ကြေညာပါတယ်။

အင်္ဂါဂြိုဟ်ဆင်းယာဉ် ၂၀၁၉ ခုနှစ် အရောက် လွှတ်ဖို့ ပြင်ဆင်နေသလို အင်္ဂါဂြိုဟ်ပေါ်မှာ လွှတ်တင်ထားတဲ့ curiosity စက်ရုပ်ကလေးဟာလည်း အခုထိ သိပ္ပံဆိုင်ရာ အချက်လက်တွေကို ဆက်ပြီး ပို့ပေးနေပါတယ်။

ကမ္ဘာနဲ့ လဟာ မိုင် ၂ သိန်း ခွဲပဲ ရှိပါတယ်။ နေနဲ့ ကမ္ဘာကတော့ မိုင်ပေါင်း ၉၃ သန်း ဝေးပါ တယ်။ နေစင်္ကြာဝဠာရဲ့ အစွန်းနဲ့ ကမ္ဘာကတော့ မိုင်သန်း ထောင်ပေါင်း ၉ ထောင်ကျော် ဝေးပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၄၀ က voyager 1 နဲ့ 2 ကို လွှတ်လိုက်ချိန်မှာ ရွှေနဲ့ လုပ်ထားတဲ့ ဓါတ်ပြားလေး ထည့်ပေးလိုက်ပါတယ်။ အဲဒီ ဓါတ်ပြားထဲမှာ မြန်မာလို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်စကားလည်း ပါပါတယ်။ သူ့ကို လူသားတွေ ဒါမှမဟုတ် လူသားတွေထက် အဆင့်မြင့်တဲ့ ဂြိုဟ်သားတွေ တွေ့ခဲ့မယ် ဆိုရင် ဒီ ဓါတ်ပြားကိုလည်း ဖွင့်နိုင်မယ် ဆိုရင် အဆက်အသွယ်ရဖို့ ရည်ရွယ်ပြီး ထည့်ပေးလိုက်တာပါ။ အဲဒီ ယာဉ်တွေဟာ အခုဆိုရင် စင်္ကြာဝဠာရဲ့ အစွန်းကို ကျော်သွားနေပြီ ဖြစ်သလို သတင်းအချက်အလက်တွေလည်း ပြန်ပို့နေတာမို့ ဒါဟာ သိပ်ထူးခြားတဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။

နောက်တခုကတော့ Tesla ကားထုတ်တဲ့ ကုမ္ပဏီရဲ့ Space X ဒုံးပျံ တည်ဆောက်တာ ၁၅ နှစ် ကြာခဲ့ပါပြီ။ ဒီ ဒုံးပျံမှာ အာကာသ ယာဉ်မှူးတွေ၊ အစားအစာတွေ၊ စက်ပစ္စည်းတွေ ထည့်တဲ့အပိုင်းဟာ အပေါ်ဆုံးအဆင့်မှာရှိပြီး အောက်ဖက်မှာတော့ ဒုံးပျံကို လွှတ်တင်တဲ့ အပိုင်း ရှိပါတယ်။ အရင်က ဒီလွှတ်တင်တဲ့အပိုင်းကို ပြန်မသုံးပါဘူး။ အခု သူတို့က လွှတ်တင်လိုက်တဲ့ ဒုံးပျံကို မူလ လွှတ်တင်တဲ့ စင်ပေါ်ပြန်ရောက်အောင် ဒါမှမဟုတ် ဖေါင်ကြီးတခုပေါ်ကို အသာလေးပြန်ရောက်အောင် ပြန်ထိန်းနိုင်တဲ့နည်းပညာကို ဒီနှစ်ထဲမှာ အောင်မြင်တဲ့အတွက် သုံးပြီးသားဒုံးပျံ အခွံကြီးကို ပြန်ပြီး သုံးလို့ ရပါပြီ။

နာဆာရဲ့ နောက်ထပ် အစီစဉ်တွေကတော့ နေစင်္ကြာဝဋ္ဌာရဲ့ ဂြိုဟ်တွေထဲက အနီးဆုံး ကြာသပတေးဂြိုဟ်ရဲ့ ဥက္ကာပျံတွေမှာ ရေလည်း ရှိနိုင်တယ် သက်ရှိသတ္တဝါတွေလည်း ရှိနိုင်တယ်လို့ ယူဆတဲ့အတွက် အဲဒီကို ဂြိုဟ်တုတွေ လွှတ်တင်ဖို့ ဒီနှစ်မှာ စတင် စီစဉ်နေပါပြီ။

နောက်တခုက အာကာသ ယာဉ်မှူး ၁၂ ဦးကို ဒီနှစ်ထဲမှာ ထပ်ပြီး ရွေးချယ်ထားပါတယ်။ နောက်ဆုံး တည်ဆောက်ထားတဲ့ space launch system ဒုံးပျံနဲ့ လပေါ်ကို ဆင်းဖို့ ပထမ ဆုံး ရွေးချယ် ထားတာ ဖြစ်ပါတယ်။ ဒီအာကာသ ယာဉ်မှုး တွေပဲ နောက် ဆယ်နှစ် ၁၅ နှစ် လောက် အင်္ဂါဂြိုဟ်ပေါ်ကို လွှတ်ဖို့ အတွက်လည်း စဉ်းစား ထားပါတယ်။

၂၀၁၇ မှာ ဆေးသိပ္ပံဆိုင်ရာ တိုးတက်မှုတွေ အတော်များပါတယ်။

ဆေးသုတေသနဆိုင်ရာမှာ လေဖြတ်ပြီး ကိုယ်လက် မလှုပ်ရှားနိုင်သူတွေကို ပုံမှန် ပြန် လှုပ်ရှားလို့ရနိုင်မယ့် နည်းပညာကို ဒီနှစ်ထဲမှာ စစမ်းသပ်တာ အောင်မြင်နေပါပြီ။

နောက် ဆေးသုတေသန ဆိုင်ရာမှာ မျိုးရိုးဗီဇကနေ ပါလာတဲ့ရောဂါကိုကုဖို့ နည်း ပညာတွေ တိုးတက်လာပါပြီ။ ကင်ဆာတို့ နှလုံး ရောဂါတို့လို ရောဂါတွေတင်မကပဲ မိခင်ရဲ့ ဝမ်းထဲမှာ ရှိနေတဲ့ သန္ဓေသားလေးမှာ ရောဂါ ပါလာရင် DNA ကို ခွဲစိတ်ပြီးတော့ ဗီဇကို ပြန်ပြောင်းပေးတဲ့ နည်းပညာနဲ့ မွေးလာမယ့်ကလေး ကျန်းမာလာအောင် လုပ်တဲ့နည်း ပညာကို စမ်းတာ စပြီးအောင်မြင်နေပါပြီ။

နောက်တခုကတော့ သက်ရှိ သတ္တဝါတွေကို တကိုယ်လုံး ဘယ်လို တည်ဆောက်ထား သလဲဆိုတဲ့ သက်ရှိသတ္တဝါရဲ့ ဆဲလ် ကလပ်စည်း မြေပုံကို ဇီဝနည်းပညာနဲ့ စတင်ပြီးတော့ ရေးဆွဲမှာ ဖြစ်ပါတယ်။ လူသားတွေရဲ့ ကလပ်စည်း ပေါင်းဟာ သန်း ထောင်ပေါင်း ၃- ၄ ဆယ် လောက်ရှိပါတယ်။ အဲဒါကို တခုချင်းစီ ကလပ်စည်း ဖွဲ့စည်းပုံ ကို သေသေချာချာ မြေပုံတချပ်လို ဖြန့်ပြီး ကြည့်လို့ ရအောင် စပြီး ကြိုးစားနေပါ ပြီ။

သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ထူးထူးခြားခြား တိုးတက်မှုတွေ လည်း ၂၀၁၇ မှာရှိပါသေးတယ်။

အင်တာနက်ပေါ်မှာ ကျနော်တို့ ပစ္စည်းဝယ်တဲ့အခါ ငွေချေတဲ့စနစ်ကို တယ်လီဖုန်းပေါ် ကနေဖြစ်ဖြစ်၊ ကွန်ပြူတာပေါ်ကဖြစ်ဖြစ် ဝယ်တဲ့အခါ ဝယ်တဲ့လူရဲ့ မျက်နှာပုံပန်း သဏ္ဍန် မြင်မှသာ ငွေချေနိုင်တဲ့နည်းပညာကို စပြီးတော့ သုံးကြည့်နေပါတယ်။ နောက်တခုကတော့ cellular phone - ဆယ်လ်ဖီ (selfie) ရိုက်တဲ့ပုံစံမျိုးလိုပဲ ကင်မရာတမျိုးထွင်ပါတယ်။ ပတ်ပတ်လည် မြင်ကွင်းတခုလုံးကို ရိုက်နိုင်တဲ့ကင်မရာကို ဒီနှစ်စပြီးတော့ စမ်းပြီးတော့ ရောင်းတောင် ရောင်းနေပါပြီ။ နောက်တခုကတော့ နေရောင်ကနေ လျှပ်စစ်ဓာတ်ထုတ်တဲ့ ဆိုလာပြားတွေပါ။ အဲဒီဆိုလာပြားတွေက နေရောင်ကနေပြီး လျှပ်စစ်ဓာတ် ထုတ်နိုင်တဲ့ ပမာဏက အလွန်အကျွံ ရလို့ရှိရင် ၂၅ % ပဲရပါတယ်။ ဘာလို့လဲဆိုရင် နေရောင်က ထုတ်တဲ့ အနီအောက်ရောင်ခြည်- အဝေးဆုံးနေရာက ရောင်ခြည်တွေကျတဲ့အခါကျတော့ အပူရောင်ခြည်တွေဖြစ်တဲ့အတွက် အဲဒီကနေပြီးတော့မှ လျှပ်စစ်စွမ်းအင်ကို ထုတ်လို့ မရသေးပါဘူး။ ၇၀ % လောက် အထိ လျှပ်စစ်စွမ်းအင်ကို တန်းပြောင်းနိုင်ဖို့အတွက်ကို အခု နည်းတမျိုးထွင်ထားပါတယ်။ အနီအောက်ရောင်ခြည်ကနေ အပူပြောင်းလိုက်မယ်။ အရမ်းကို ပူလာတဲ့ ၁,၀၀၀ စင်တီဂရိတ်လောက်အထိ ပူသွားတဲ့ထိအောင်လုပ်ပြီးတော့မှာ အဲဒီအပူကနေပြီးတော့ လျှပ်စစ်စွမ်းအင်ကို ပြန်ပြီးတော့ ပြောင်းလို့ရတဲ့ နည်းပညာပါ။ အဲဒီပစ္စည်းလေးတွေက ကာဗွန်နာနိုကျူ - လို့ခေါ်ပါတယ်။ အဲဒါလေးတွေနဲ့ လျှပ်စစ်ဓာတ် ထုတ်တဲ့ ဆိုလာပြားကို တီထွင်လို့ရပါတယ်။

ကွန်ပြူတာ ကိုယ်တိုင် ကိုယ့် ပရိုဂရမ် ကိုယ်ရေးပြီး ကိုယ့်အလုပ် ကိုယ်လုပ်လာနိုင်ပါပြီ။

အဝေးပြေးလမ်းမကြီးတွေပေါ်မှာ ကုန်ကားကြီးတွေဆိုလို့ရှိရင် မောင်းသူမဲ့ စမ်းသပ်ပြီး တော့ တီထွင်နေတာ အောင်မြင်နေပါပြီ။ လူတွေက ကွန်ပြူတာရဲ့ ပရိုဂရမ်ကို ရေးပြီး တော့မှ ကွန်ပြူတာကို အလုပ်လုပ်ခိုင်းပါတယ်။ ကွန်ပြူတာကိုယ်နှိုက်ကိုက သူ့ဟာသူ ပရိုဂရမ်ရေးပြီး အလုပ်လုပ်…. အဲဒါ ဘယ်မှာ အရေးကြီးသလဲဆိုရင် အခုနက ကုန်ကားကြီးတွေ မောင်းတဲ့အခါ ရှေ့မှာ ကားတခုခုက ဖြတ်ဝင်လိုက်တယ်ဆိုလို့ရှိရင် မတိုက်အောင် ချက်ခြင်း ဆုံးဖြတ်ရတယ်။ လာနေတဲ့ဟာကို ဝင်မတိုက်အောင် ဘယ်လို လုပ်ရမလဲဆိုတာကို ကိုယ်တိုင်စဉ်းစားပြီးတော့ သူကိုယ်တိုင် ပရိုဂရမ်ပြန်ရေးပြီးတော့မှ သူက မတိုက်အောင် ဘရိတ်အုပ်မလား၊ လမ်းကိုဖယ်မလားဆိုတဲ့ဟာကို သူက ဆုံးဖြတ်ချက်ချရမှာကို။ အဲဒီနည်းပညာဟာ ဒီနှစ်စအောင်မြင်လာပါပြီ။

ဒီနှစ်ထဲ အစပျိုးလိုက်တဲ့ ထူးခြားတဲ့ တိုးတက်မှုတခုကတော့ အပေါ့ဆုံးဖြစ်တဲ့ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ကို အခဲဖြစ်အောင် စမ်းသပ်နိုင်ခဲ့တာပါ။

ဟားဗတ်တက္ကသိုလ်၊ ရူပဗေဒနဲ့ ဓာတုဗေဒသိပ္ပံပညာအဖွဲ့က အပေါ့ဆုံးအနုမြူဖြစ်တဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို အခဲသဘာဝဖြစ်အောင် မိုက်ကရိုစကုပ် အောက်မှာ ပြုလုပ်နိုင် ခဲ့လို့ တချိန်ကျလို့ရှိရင်အလွန်တရာ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။