၂၀၁၅ ရွေးကောက်ပွဲ ကာလမှာ တိုက်ပွဲတွေယာယီငြိမ်သက်နေခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဘက်မှာ မြန်မာ့ တပ်မတော် နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSAတို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွါး လာနေပါတယ်။ ဒီတိုက်ခိုက်မှုမှာမြန်မာ့ တပ်မတော်ကနေ လေကြောင်းအကူသုံးပြီး ပစ်ခတ်ခဲ့တယ်လိုကမြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီလိုဖြစ်ပွါးနေတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ဒေသခံ(၈၀၀၀) နီးပါးဟာ စစ်ဘေး လွတ်ရာဒေသမှာ ဒုက္ခသည်အဖြစ်တိမ်းရှောင်နေရသလို ဒီဒုက္ခသည်အရေးကိစ္စကို နိုင်ငံတကာ အပါအဝင် ပြည်တွင်းအစိုးရနဲ့အတိုက်အခံပါတီတွေကလဲစိတ်ဝင်စားမှုအားနည်းပြီးလစ်လျှူရှု့နေတယ်လို့ ရှမ်းလူ့အခွင့် အရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုမှုတွေလဲရှိနေပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်း ပေးပို့ထားပါတယ်။
ရွေးကောက်ပွဲအလွန်နှစ်ရက်ကတည်းက စတင်ဖြစ်ပွါးနေတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်SSPP/SSAတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဟာ အခုဆို ပိုမိုပြင်းထန်လာနေပါတယ်။
ဒီကနေ့ နေလယ်ပိုင်းမှာ မြန်မာ့တပ်မတော်ကနေ စစ်လေယာဉ်တွေနဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် အခြေပြုရာ မိုင်းရှူးမြို့နယ်အတွင်းဒေသတွေကို ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက အခုလိုပြောပါတယ်။
မနေ့ကလဲ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကနေ မြန်မာတပ်မတော်ကနေခြေကုတ်ရယူထားတဲ့ ဝမ်လွေ့အနီးက လွယ်ဖွေတောင်ကုန်းတခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ SSPPနဲ့နီးစပ်သူတဦးကပြောပါတယ်။
ဒီကနေ့ဖြစ်ပွါးနေတဲ့ပစ်ခတ်တိုက်ခိုက်မှုရဲ့ ထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးပေမဲ့ မနှေုက လွယ်ဖွေးတောင်ကုန်းတိုက်ပွဲမှာ SSPPဘက်က ထိခိုက်မှုရှိခဲ့သလို မြန်မာ့တပ်မတော်ဘက်က တဦးကျဆုံးခဲ့ပြီး လက်နက်တလက်သိမ်းဆည်းရခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းလက အတည်ပြုပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ(၁၀)ရက်နေ့နဲ့(၁၂)ရက်နေ့မှာလဲ မြောက်ပိုင်းရှမ်းပြည်တပ်မတော် အခြေပြုရာ ဝမ်လွေနဲ့ ဝမ်ဆော့ဒေသ ဘက်ကို လေကြောင်း အကူတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ ဒီကနေ့မှာအပြင်ထန်ဆုံး ထိုးစစ် ဆင်လာခဲ့တယ်လို့လဲ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။
တပြည်လုံးအတိုင်းအတာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးNCAလက်မှတ်ရေးထိုးဖို့အဆင့်သင့်မဖြစ်သေးတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ကို အောက်တိုဘာလ(၆)ရက်နေ့ကစပြီး မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာ ခဲ့တာပါ။
နိုဝင်ဘာ(၈)ရက်ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲတွေယာယီငြိမ်သက်ခဲ့ပေမဲ့ နိုင်ဝင်ဘာ(၁၀)ရက်နေ့ကနေ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွါးလာခဲ့ပါတယ်။
အခုလိုနှစ်ဖက်တပ်ဖွဲ့တွေအကြားဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် ကျေးသီး မိုင်းရှူးမြို့နယ်အတွင်းက ဝမ်ဟိုင်း ဝမ်ဆော့ ဝမ်လွေ မိန်းအမ်အစရှိတဲ့ ကျေးရွာတွေက ဒေသခံရွာသားတွေစစ်ဘေးလွတ်ရာကို တိမ်းရှောင် နေရ ပါတယ်။
လက်ရှိစစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေနဲ့ပက်သက်လို့ စစ်တမ်းကောက်ယူထားတဲ့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ က တာဝန်ရှိသူတဦးဖြစ်သူ ယိင်းဟန်ဖက စစ်ပြေးဒုက္ခသည်တွေအနေနဲ့ ကျေးသီးမြို့နယ်က ဝမ်ဝဘုန်းကြီးကျောင်း မိုင်းရှူးမြို့နယ် ဟိုင်းပါဒုက္ခသည်စခမ်း မိုင်းရှူးမြို့ကဘုန်းကြီးကျောင်း လဲချားမြို့နယ် လားရှိုးမြို့နယ်ဘက်တွေမှာ တိမ်းရှောင်နေတဲ့ ဒုက္ခသည်အရေ အတွက်(၈၀၀၀)ကျော်ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ကစာရင်းပြုစုထားပါတယ်။
ရှမ်းပြည်နယ်ဒေသအတွင်း စစ်ရေးပဋိပက္ခအတွင်း ဒုက္ခသည်အရေးကိစ္စကို နိုင်ငံ့တကာ အပါအဝင် အစိုးရ ဘက်ကရော အတိုက်အခံပါတီဘက်ကပါ စိတ်ဝင်စားမှုအားနည်းပြီးလစ်လျှူရှု့နေတဲ့အခြေအနေမှာရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ က တာဝန်ရှိသူတဦးဖြစ်သူ ယိင်းဟန်ဖကအခုလိုပြောပါတယ်။
မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဟာ ၂၀၁၂ နှစ်ဦးပိုင်းမှာ မြန်မာ အစိုးရနဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ် ရပ်စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့ဖြစ်ပေမဲ့ ၂၀၁၅ခုနှစ် NCAအပစ်ရပ်စာချုပ်ကိုလက်မှတ်ရေးထိုးဖို့ အဆင်သင့် မဖြစ်သေး ကြောင်းထုတ်ပြန်ပြီးနောက်ပိုင်း တိုက်ပွဲတွေစတင်ဖြစ်ပွါးလာ ခဲ့ပါတယ်။
နှစ်ဖက်တပ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွါးနေခဲ့လို့ ရှမ်းပြည်နယ် မိုင်းရှူး ကျေးသီး တန့်ယန်း မိုင်ပန်မြို့နယ်တွေက သိန်းနဲ့ချီတြဲ့ပည်သူတွေ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့သလို ဒေသခံကျေးရွာသား (၈၀၀၀)နီးပါးဟာ စစ်ဘေးတိမ်းရှောင်နေရဆဲအခြေအနေမှာရှိနေပါတယ်။
သတင်းအပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
Your browser doesn’t support HTML5