တောင်အာရှ မုတ်သုန်ရေဘေး လူပေါင်း ၁၂၀၀ ကျော်သေဆုံး

တောင်အာရှဒေသတဝန်းမှာ ပြင်းထန်တဲ့ မုတ်သုန်မိုးကြောင့် ရေလွှမ်းမိုးပြီး လူပေါင်း ၁,၂၀၀ ကျော် သေဆုံးရပြီးဖြစ်သလို အိန္ဒိယ နိုင်ငံရဲ့ တချို့ဒေသတွေမှာ ဒီသီတင်းပတ်အတွင်း ရေကြီးနေပါတယ်။

မွမ်ဘိုင်းမြို့မှာ ရက်အတော်ကြာ မိုးရွာနေပြီးတဲ့နောက် ကြာသပတေးနေ့က အဆောက်အဦးတလုံးပြိုကျပြီး လူ ၂ ယောက်ထက် မနည်းသေဆုံးသွားပြီးတော့ လူ ၃၀ လောက် ပိတ်မိနေပါတယ်။

အပျက်အစီးပုံထဲကနေ လူအများအပြားကို ကယ်ဆယ်ရေးလုပ်သားတွေက ဆွဲထုတ်ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီအဆောက် အဦးမှာ မိသားစုကိုးစု နေထိုင်နေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက သတင်းထောက်တွေကိုပြောပါတယ်။

မုတ်သုန်မိုးကြောင့် အိန္ဒိယရဲ့ ကုန်သွယ်ရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရေကြီးနေတာဖြစ်ပြီး ကြာသပတေးနေ့မှာ နောက်ထပ် အပြင်းအထန် မိုးဆက်ရွာမယ်လို့ ခန့်မှန်းထားပြီးတော့ ဒီကနေ့ သောကြာနေ့ကျရင်တော့ လျော့သွားဖွယ်ရှိပါတယ်။

မိုးကြောင့် မြို့မှာ အသွားအလာနဲ့ လုပ်ငန်းတွေ အင်္ဂါနေ့က ရပ်တန့်သွားပြီး လမ်းတွေမှာ ဖြတ်သန်းသွားလာလို့ မရလောက် အောင် ဖြစ်သွားပြီးတော့ လူသန်းပေါင်းများစွာ နေ့စဉ်အသုံးပြုနေတဲ့ ရထားလိုင်းတွေလဲ ခနရပ်သွားခဲ့ပါတယ်။ လူထောင်ပေါင်းများစွာ သူတို့ရဲ့ရုံးခန်းတွေမှာ ညအိပ်ခဲ့ကြရပါတယ်။

Your browser doesn’t support HTML5

တောင်အာရှ မုတ်သုန်ရေဘေး လူပေါင်း ၁၂၀၀ ကျော်သေဆုံး