ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဗဟိုအချက်အချာဖြစ်လာတဲ့ အမေရိကန်ပြည်ထောင်စု နယူးရောက်မှာ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း အလွန်မြန်ဆန်နေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေပါ ခြေကုန်လက်ပမ်းကျတဲ့ အခြေအနေရောက်နေကြောင်း Wyckoff Heights ဆေးရုံ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက် က ဗွီအိုအေကို ပြောပါတယ်။ အခုနောက်ဆုံး စာရင်းထုတ်ပြန်ချက်အရ နယူးရောက်ပြည်နယ်မှာ ကူးစက်ခံရသူပေါင်း ၁၀၀,၀၀၀ ကျော်နေပြီး သေဆုံးသူပေါင်း ၂,၉ ၃၅ ရှိနေပါတယ်။ ပြန်ကောင်းလာသူ အရေအတွက်ကတော့ ၆,၁၄၂ ဦးရှိပါတယ်။
COVID-19 ရောဂါကုသရေးအတွက် hydroxychloroquine၊ chloroquine စတဲ့ ငှက်ဖျားဆေးကို သုံးစွဲတဲ့နေရာမှာ လူနာတွေအတွက် ဘေးထွက်ဆိုးကျိူးရှိနေတာကြောင့် အလွန်သတိထား ကုသဖို့ လိုကြောင်း ဒေါက်တာဇေယျာသက်က ဗွီအိုအေနဲ့ Skype ကနေ ဆက်သွယ်မေးမြန်းခန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတွေကို ကုသရေးအပိုင်းနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဒေါက်တာဇေယျာသက်ကို Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။