မြန်မာရဲတပ်ဖွဲ့အတွက် စင်္ကာပူကုမ္ပဏီ ဒရုံးဖျက်လက်နက် ဆက်မရောင်းတော့

speaker drone

{{Zawgyi/Unicode}}
မြန်မာရဲတပ်ဖွဲ့ကို Drone ဖျက်လက်နက် ရောင်းနေတဲ့ စင်္ကာပူကုမ္ပဏီတစ်ခုက စစ်အာဏာသိမ်းအပြီးမှာ နောက်ထပ်ရောင်းချတာကို ရပ်ဆိုင်းလိုက်ပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံက အဓိကလေဆိပ်နဲ့ လုပ်ငန်းသဘောတူညီချက်တစ်ခုကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ TRD လို့အတိုခေါက်ခေါ်တဲ့ စင်္ကာပူကုမ္ပဏီရဲ့ အရာရှိတစ်ဦးကဆိုပါတယ်။

"တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းတစ်အခုအဖြစ် ပြန်ပြီး ထူထောင်နိုင်တဲ့အချိန်ထိ Drone ဖျက်လက်နက်တွေ မြန်မာနိုင်ငံကိုရောင်းဖို့ အစီအစဉ်မရှိပါဘူး" လို့ TRD ကုမ္ပဏီ စီမံရေးညွှန်ကြားရေးမူး Sam Ong က ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်"။

ဒါ့အပြင် ရန်ကုန်နိုင်ငံတကာလေဆိပ်အတွက် Drone ဖျက်လက်နက်တွေရောင်းဖို့ အရင်က စီစဉ်ထားတာကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ သူက ပြောပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမူအများဆုံးလုပ်ခဲ့တဲ့ စင်္ကာပူနိုင်ငံကနေ ကုမ္ပဏီ ၁၂ ခုလောက် ဝင်လုပ်နေရာမှာ ဒီ TRD ကုမ္ပဏီလည်းပါဝင်ပြီး စစ်အာဏာသိမ်းအပြီးမှာတော့ ဒီကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးဆက်မလုပ်ကြဖို့ ပစ်မှတ်ထားဖိအားပေးခံလာနေရတာပါ။

မြန်မာစစ်တပ်အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့ပြီး ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူ ၅၀၀ ထက်မနည်း ထိန်းသိမ်းထားတဲ့အပေါ် နိုင်ငံတကာက ဒဏ်ခတ်အရေးယူတာ၊ သပိတ်မှောက်မူတွေ ကျယ်ကျယ်ပြန့််ပြန့်လုပ်လာနေပါတယ်။

.........................................

Your browser doesn’t support HTML5

မြန်မာရဲတပ်ဖွဲ့အတွက် စင်္ကာပူကုမ္ပဏီ ဒရုံးဖျက်လက်နက် ဆက်မရောင်းတော့

{{Unicode}}



