မြန်မာနိုင်ငံမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး၊ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကနေ နိုင်ငံံ့စီးပွါးရေး ယိုယွင်းလာရင် အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အလေ ျှာ့ပေးလာမယ်လို့ မေ ျှာ်လင့်ပြီး သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြနေကြတာ အခုဆို ၂ လကျော်လာပြီ ဖြစ်ပါတယ်။
CDM လှုပ်ရှားမှုမှာ ဘဏ်ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အကောက်ခွန်အရာရှိတွေ၊ သင်္ဘောကျင်းအလုပ်သမားတွေ၊ ရထားပို့ဆောင်ရေးက ဝန်ထမ်းတွေ အပြင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေလို ကဏ္ဍမျိုးစုံမှာ တာဝန်ထမ်းဆောင်နေသူတွေ ပါဝင်နေကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် အခုချိန်အထိ သေဆုံးခဲ့ရသူ ၅၅၀ ကျော်ထဲမှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေလည်း ပါဝင်နေသလို တချို့အဖမ်းခံရပြီး တချို့ကလည်း ခုထိ ပျောက်ဆုံးနေဆဲပါ။
ဒါပေမယ့်လည်း CDM လုပ်နေသူတွေကတော့ သူတို့မှာ ဝင်ငွေမရှိသလို ကြောက်ရွ့ံ့နေတဲ့ကြားက ပဲ ဒီအာဏာရှင်စံနစ်ကို ခြေမှုန်းဖို့မှ တပါး တခြားရွေးစရာလမ်း မရှိဘူးလို့ ခံယူထားကြကြောင်း CDM မှာ ပါဝင်နေသူတွေရဲ့ ပြောြ့ကားချက်ကို AFP မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် သူတို့ဟာ လမ်းမတွေပေါ် ထွက် ဆန္ဒပြနေတာ မဟုတ်ပေမယ့် စစ်တပ်က ဖမ်းဆီးမယ့် စာရင်းထဲပါမှာ ကြောက်နေရသူတွေ ဖြစ်ပြီး သူတို့ရဲ့ တော်လှန်ရေးက အသံတိတ်တော်လှန်ရေး ဖြစ်ကြောင်း ပြောပါတယ်။
ဘဏ်တွေလည်ပတ်မှု မရှိတော့ သလို လကြောင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၄၀၀ လောက်ထဲက ထက်ဝက်ကျော်က CDM လုပ်နေကြတဲ့ အတွက် လေကြောင်းသွားလာရေး မှာ အခက်ကြုံနေရတာ ဖြစ်ပြီး ရထားပို့ဆောင်ရေး ဝန်ထမ်းတွေရဲ့ CDM သပိတ်ကြောင့် ရထားပြေးဆွဲမှုတွေလည်း တံ့နေတာပါ။ အခုလို CDM လှုပ်ရှားသူတွေကို ဝန်ထမ်းအိမ်ယာတွေ ကနေ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာတွေ ရှိနေသလို ဧပြီလ ၂ ရက်နေ့ကလည်းပညာရေးဝန်ထမ်းတွေ ခွင့်မဲ့ ပျက်ကွက်မှုရှိရင် အမည်မည်းစာရင်း သွင်းဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာနက ဧပြီလ ၇ ရက် နောက်ဆုံးထား စာရင်းပြုစုနေ ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်တာ လိုမျိုး ခြိမ်းခြောက်မှုတွေကိုလည်း CDM လုပ်တဲ့ ဝန်ထမ်းတွေ ရင်ဆိုင်နေရတာပါ။
ဒါပေမယ့်လည်း CDM ဝန်ထမ်းတွေကတော့ အလေ ျှာ့မပေးပဲဆက်ပြီး အာဏာဖီဆန်နေကြသလို CDM လှုပ်ရှားသူတွေလည်း တိုးလာနေတာပါ။
Your browser doesn’t support HTML5
-------------------------