ရှမ်းပြည်တိုက်ပွဲ ရွာလူထုဒုက္ခ

စစ်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ပြည်သူများ

မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တပ်မတော်ဘက်က လူ့အခွင့်အရေး ချိုးဖေါက်မှု ဆိုးဆိုးဝါးဝါးကျူးလွန်မှုတွေရှိနေတဲ့အတွက် နိုင်ငံတော်အစိုးရကို တိုင်တန်းအသိပေးဖို့ ဒေသခံလွှတ်တော်ကိုယ်စား လှယ်တွေကလည်း ကြိုးပမ်းနေပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့တအာင်းပလောင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခဲ့ရာ နမ့်ခမ်းမြို့နယ်ကောင်းဝိုင်းကျေးရွာမှာ မပေါက်ကွဲ သေးတဲ့ လက်နက်ကြီးကျည်တွေရှိနေသေးလို့ စိုးရိမ်စိတ်နဲ့ ဒီကနေ့အထိကျောင်းမဖွင့်ရဲသလို ခြံထဲမသွားရဲသေးဘူး လို့ တအာင်းစာပေဥက္ကဌ ဦးမြင့်ကျော်ကပြောပါတယ်။

“လက်နက်ကြီးဗုံး ကျောင်းအနားမှာတလုံးရှိတယ်။ ရွာအဝင်နားမှာလဲ တလုံးရှိတယ်။ ရွာအရှေ့စာသင်ကျောင်းနဲ့ တဖါလုံ လောက်မှာ အဲဒီမှာလဲမိုင်းတလုံးတွေ့တယ်။ မကွဲတဲ့မိုင်းပေါ့။ အခုဒီဗုံးနှစ်လုံးတပ်ကလဲမဖယ်ရှားပေးသေးဘူး။ အခုထိ တော့ကျောင်းမဖွင့်နိုင်သေးဘူးကောင်းဝိုင်းကတော့။ မဖွင့်နိုင်သေးဘူးဆိုတာကလဲ မကွဲတဲ့ဗုံးကကျောင်းအနားမှာ ရှိနေ တာကိုး။ အဲရွာကလူထုတွေကခြံသွားဖို့စိုးရိမ်ကြတာပေါ့။ ကျွန်တော်တို့လက်ဖက်ခြံသွားတယ်၊ တောင်ယာသွားတယ်။ ဆိုတော့ အခုချိန်ကျွန်တော်တို့ရွာအပြင်မထွက်ရဲကြဘူး။”

မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေရှိနေသေးတဲ့အတွက် ကောင်းဝိုင်းရွာအလယ်တန်းကျောင်းနေ ကျောင်းသား ဦးရေ(၂၀၀)ကျော်ဟာ ဒီကနေ့အထိကျောင်းမတက်ရဲသေးသလို ခြံသမားတွေလဲခြံမထွက်ရဲတဲ့အခြေအနေမှာရှိနေ ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ(၁၃)ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာဘက်မှာ မြန်မာ့တပ်မ တော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခဲ့စဉ်အတွင်း တပ်မတော်ဖက်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ် မှုကြောင့် ရွာသား(၄)ဦး လက်နက်ကြီးထိမှန်ခဲ့သလို လူနေအိမ်ခြေ(၁၅)အိမ်လောက်ပျက်စီးမှုဖြစ်ပွါးခဲ့တာပါ။

အခုလိုနေအိမ်ထိခိုက်မှုအတွက် မြန်မာ့တပ်မတော် တပ်မ(၈၈)တပ်မှူးကနေ ထောက်ပံ့ငွေကျပ်သိန်း(၃၀) ထောက်ပံ့ ခဲ့တယ်လို့ ဦးမြင့်ကျော်ကပြောပါတယ်။

“(၁၄)ရက်နေ့မှာ တပ်မ(၈၈)တပ်မမှူးက လျော်ကြေးတော့မဟုတ်ဘူး ထောက်ပံ့ကြေးပေါ့။ ကိုယ်ချင်းစာနာတဲ့အနေနဲ့ ကျေးရွာကိုသိန်း(၃၀)ထောက်ပံ့ပေးတယ်။ ပျက်စီးတဲ့အိမ်တွေအတွက်ပေါ့။”

ဒါ့အပြင် လက်နက်ကြီးထိမှန်ခဲ့တဲ့ရွာသားတွေအတွက် တဦးလျှင်ကျပ်ငွေ(၅၀၀၀၀) ထောက်ပံ့ပေးခဲ့ပါတယ်။

လက်ရှိလက်နက်ကြီးထိမှန်ခဲ့တဲ့ရွာသား(၄)ဦးအနက်က (၃)ဦးဟာနမ့်ခမ်းဆေးရုံကနေဆင်းလာပြီးဖြစ်ပေမဲ့ ဒဏ်ရာပြင်း ထန်တဲ့ မိုင်အောင်သိန်းကတော့ ဆေးရုံကမဆင်းနိုင်သေးဘဲထပ်မံခွဲစိပ်ရမဲ့အခြေအနေရှိနေတယ်လို့ ကာယကံရှင်ဖြစ် သူ မအေလွေးကပြောပါတယ်။

“အဆုတ်ပြွန်ထိထားတယ်။ အဲဒီအထဲမှာ ပိုက်ထည့်ထားတယ်။ အဲဒီပိုက်ဖြုတ်မှဘဲ နောက်တခါသေချာပြန်စစ်ရမှာတဲ့။ စာ တော့လာပေးထားတယ်။ ငါးသောင်း တယောက်ငါးသောင်းစီပေါ့။ လောက်တော့ဘယ်လောက် ပါ့မလဲ။ ဒါပေမဲ့သူတို့က အဲဒီလောက်ဘဲပေးတာလေ။”

ပြီးခဲ့တဲ့သြဂုတ်(၄)ရက်နေ့တုန်းက TNLAအဖွဲ့ကနေ မန်တုံမြို့နဲ့(၃)မိုင်အကွာနေရာမှာ မြန်မာ့စစ်ယာဉ်တန်းကို ပစ်ခတ် တိုက်ခဲ့တဲ့ဖြစ်စဉ်အပြီး တပ်မတော်ကနေ မန်တုန်မြို့အတွင်းမသင်္ကာတဲ့သူတွေကိုဖမ်းဆီးခဲ့သလို ရိုက်နှက်မှုတွေလဲဖြစ်ပွါးခဲ့ပါတယ်။

မန်တုံဒေသခံ(၆)ဦးကိုဖမ်းဆီးပြီးပြန်လွှတ်ပေးခဲ့ပြီဆိုပေမဲ့အဲဒီအထဲကနှစ်ယောက်ဟာ ညှင်းပမ်းရိုက်နှက်မှုဒဏ်ကြောင့် လားရှိုးဆေးရုံမှာဆေးဝါးကုသမှုခံနေရပါတယ်။

မန်တုံမြို့အတွင်း တပ်မတော်ကနေ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်စဉ်နဲ့ပက်သက်ပြီး နိုင်ငံတော်အထိ တိုင်ကြားသွား မယ်လို့ မန်တုံမဲဆန္ဒနယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး ပြောပါတယ်။

“လုံးဝအပြစ်မဲ့တဲ့ပြည်သူဘဲသူတို့ဖမ်းလိုက်တာ။ အပြစ်မဲ့တဲ့ရွာသားပေါ့နော်။ ဒီလီဆူးIDPစခမ်းကလူရယ်။ နောက်ထပ်ပြီး တော့ ကျွန်မခဲအိုလဲပါတယ်။ အခုလက်ရှိသူတို့နှိပ်စက်လွန်းလို့ သေခါနီးဆဲဆဲဖြစ်နေတာတို့။ သူတို့က မသင်္ကာလို့ သူတို့ဖမ်းပြီးမှနှိပ်စက်တာ။ သူတို့(၂)ရက်တိတိ ရိုက်နှက်တာ။ ကျွန်မတို့အနေနဲ့ကတော့ ကျွန်မတို့ပြည်သူကိုထိမယ်ဆိုရင် အတတ်နိုင်ဆုံးစီစဉ်နေတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ၊ သမ္မတရုံး ရှိသမျှတရားလွှတ်တော် နောက်ပြီးတော့ဥပဒေရေးရာ လူ့အခွင့်အရေးကော်မရှင်အထိကျွန်မတို့တင်မယ်။ အခုစီစဉ်နေတယ်။

တိုင်ကြားဖို့အတွက် အချက်အလက်တွေစုဆောင်းနေဆဲဖြစ်ပြီး မနက်ဖြန်မှာ နေပြည်တော်မှာသတင်းစာရှင်းလင်းပွဲ လုပ်ဆောင်သွားမယ်လို့ဒေါ်နန်းမိုးကပြောပါတယ်။

လက်ရှိရှမ်းပြည်နယ်အတွင်းမှ မြန်မာ့တပ်မတော်နဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့တို့ နဲ့ တိုက်ပွဲတွေအစဉ်ဖြစ်ပွါးနေသလို နှစ်ဖက်တိုက်ပွဲစဉ်အတွင်းဒေသခံတွေနေရပ်ကနေတိမ်းရှောင်နေရမှု ထိခိုက်ဒဏ် ရာရ သေဆုံးမှုဖမ်းဆီးနှိပ်စက်ခံရမှုစတဲ့လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်စဉ်တွေလဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွါးနေပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်တိုက်ပွဲ ရွာလူထုဒုက္ခ