ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကနေ ဒီလဆန်းပိုင်းက တပ်သားသစ် ခေါ်ဆောင်သွားခဲ့တဲ့ ဒေသခံရွာသားတချို့ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အခုလို KIA က တပ်သားသစ်အဖြစ် ခေါ်ဆောင်သွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တချို့လည်းပါဝင်ပြီး တပ်သားသစ် စုဆောင်းရေးမှာ ကျန်နေသေးသူတွေ လွတ်မြောက်ရေး နိုင်ငံတကာကို အကူအညီတောင်းခံသွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက စုံစမ်းတင်ပြထားပါတယ်။
KIA ကနေ တပ်သားသစ်စုဆောင်းတဲ့အနေနဲ့ ခေါ်ဆောင်သွားခံရတဲ့ ဗန်းမော် ခရိုင် မန်စီမြို့နယ်တွင်းက ဟန်ထက် နဲ့ မန်ဝင်းလေး ရွာနှစ်ရွာက ဒေသခံ ရွာသား ၂၄ ယောက်ဟာ မကြာသေးခင်ကပဲ ပြန်လည်လွတ်မြောက်လာခဲ့ တာပါ။ ဒီအထဲကမှ အရွယ်မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်တချို့လည်းပါဝင်ပြီး သူတို့ကို အခုလို KIA က ပြန်လွှတ်ပေးခဲ့ပေမဲ့ ယတိပြတ် လွှတ်ပေးလိုက်တာမျိုးတော့ မဟုတ်ဘူးလို့ လွတ်မြောက် လာသူတွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဗွီအိုအေကို ပြောပါတယ်။
“ဟန်ထက်က ၁၆ ယောက်၊ မန်ဝင်းလေးက ၈ ယောက်၊ အားလုံးရှမ်းချည့်ပဲ။ အဲဒီထဲမှာ မိန်းမတစ်ယောက်ပါတယ်။ မန်ဝင်းကလေးကတော့ ၂၆၊ ၃၃၊ ၃၃၊ ၂၅၊ ၁၈၊ ၂၂၊ ၂၅ အဲဒီအရွယ်တွေပေါ့နော။ ဟန်ထက်ကျတော့ ၁၄၊ ၁၅၊ ၁၆၊ ၂၀ ပတ်ဝန်းကျင်ပေါ့။ ဒါပေမယ့် သူတို့က ဘယ်လိုဖြစ်နေလဲဆိုတော့ လွှတ်တယ်ဆိုတာက ဒီအတိုင်းပဲ အရှင်းလွှတ်လိုက်တာမဟုတ်ဘူး၊ သူတို့က ဓာတ်ပုံတွေ ဘာတွေ ရိုက်ပြီး နာမည်တွေ ဘာတွေ မှတ်ပုံတင်ထား တာပေါ့နော်။ အချိန်မရွေးပေါ့။ သူတို့က ပြန်ခေါ်နိုင်တဲ့သဘောရှိတယ်။ ပထမပိုင်းက စစ်သားစုဆောင်းရေးအနေနဲ့ ခေါ်သွားတာပဲလေ။ ခေါ်သွားတဲ့အခါကျတော့ သင်တန်းတော့ မပေးဖြစ်ဘူး၊ မပေးဖြစ်ဘဲနဲ့ ပြန်လွှတ်ခဲ့တာပေါ့။ ကလေးတွေ မေးကြည့်တဲ့အခါကျတော့ သူတို့လည်း မပြောတတ်ဘူး၊ သူတို့လည်း မရောက်တဲ့နေရာကြီးကို၊ မလွှတ်တဲ့ရွာတွေ အများကြီးရှိတယ်။”
ဒါ့အပြင် မန်စီမြို့နယ်နဲ့ ၁ မိုင်လောက်သာဝေးတဲ့ မန်ဖရွာက ရွာသား ၂၁ ယောက်ဟာဆိုရင် KIA ရဲ့ တပ်သားသစ် စုဆောင်းတာကို ခံခဲ့ရပြီး အခုထိ မလွတ်မြောက်သေးဘူးလို့ ဦးစိုင်းထိန်လင်းက ပြောပါတယ်။ ဒါကြောင့် ဒီလူတွေ လွတ်မြောက်လာရေးနဲ့ KIA ကနေ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေအပေါ် အခုလို လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို နိုင်ငံတကာက သိအောင် အကူအညီတောင်း လုပ်ဆောင်သွားမှာဖြစ် တယ်လို့လည်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဆက်ပြောပါတယ်။
“ကျနော်တို့က KIA ရုံးမှာ တောင်းပန်မယ်လေ။ အခု အစိုးရက တောင်းပေးမှာလည်း မဟုတ်ဘူး။ ဘယ်လွှတ်တော်ကိုယ်စားလှယ်က ကျနော်တို့ကို ပြောပေးမလဲ။ ကချင်ပြည်နယ်အစိုးရက ဘယ် လွှတ်ပေးနိုင်မလဲ။ သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ ကျနော်တို့ကတော့ အခု စာရင်းဇယားတွေလည်း ယူခဲ့ပြီလေ။ မနက်ဖြန်ကျ ရိုက်ပြီးရင် လူ့အခွင့်အရေးကော်မရှင်တို့၊ အစိုးရတို့၊ ဘာတို့ကို တင်ပြရမှာပေါ့နော်။ ကမ္ဘာ့အဖွဲ့အစည်းတို့ ဘာတို့ကို တင်ပြရမှာပေါ့။ လူ့အခွင့်အရေးချိုးဖောက်မှုကို အမြန်ဆုံး ရပ်တန့်ပေးဖို့ ကမ္ဘာ့အဖွဲ့အစည်း အရပ်ရပ်ကနေ ဖိအားပေးဖို့တော့ တင်ပြရမှာပေါ့။ ကမ္ဘာ့ကုလသမဂ္ဂ မစ္စတာ နမ်ဘီယားတို့၊ အမေရိကန်သံရုံးတို့၊ မစ္စတာကင်တားနားပေါ့နော်၊ နိုင်ငံတော်သမ္မတနဲ့လွှတ်တော် ၂ ရပ်စလုံးပေါ့နော်-”
၂၀၁၅ မှာ မြန်မာနိုင်ငံအတွင်း ကလေးစစ်သား လုံး၀ ပပျောက်အောင် ဆောင်ရွက်ရေးဆိုပြီးတော့လည်း ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား သဘောတူ စာချုပ် ချုပ်ဆိုထားတာပါ။ ဒါ့အပြင် ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်တဲ့နေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း သူတို့ရဲ့တပ်တွေထဲမှာ ကလေးစစ်သားတွေ ပပျောက်ရေး ဆောင်ရွက်ဖို့လည်း လိုအပ်ပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဲဒီကိစ္စကိုလည်း အလေးပေးဆွေးနွေးဖို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လုပ်ငန်းအဖွဲ့ သံအမတ်ကြီး မစ္စစ် ဆိုင်လီ လူးကတ်စ် (Sylie Lucus) က မြန်မာအစိုးရတာဝန်ရှိသူတွေကို ဒီလဆန်းမှာပဲ ပြောဆိုခဲ့ပါတယ်။
အခုလို အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအဝင် အရပ်သားတွေအပေါ် တပ်သားသစ်စုဆောင်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး KIA ကို ဆက်သွယ် ခဲ့ပေမဲ့ မရခဲ့ပါဘူး။ စနေနေ့မနက်ကလည်း ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းက နမ့်လင်းပါရွာဘက်မှာ KIA နဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲဖြစ် ပွားခဲ့ပါတယ်။ KIA နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေပြန်ဖြစ်နေတာ ၂ နှစ်ကျော်ကြာ သွားပြီဖြစ်ပြီး ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ ၁ သိန်းကျော် သွားပြီ ဖြစ်ပါတယ်ရှင်။