သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူတွေထဲက ထိပ်တန်း နိုင်ငံရေးခေါင်းဆောင် တစ်ဦးက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေ အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ် ထားတာတွေကို ဖယ်ရှားပေးဖို့ တိုက်တွန်းထားတာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲမှုတွေမှာ အားနည်းချက်တွေ ရှိနေတုန်းပဲလို့ ထောက်ပြနေသူတွေလည်း ရှိနေကြတာပါ။ အမေရိကန် - မြန်မာ ဆက်ဆံရေး အလားအလာတွေနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် နောက်ဆုံးနေ့မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံရေး ခေါင်းဆောင်တွေထဲက အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီရဲ့ အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် မစ်ချ် မက်ကောနဲလ် (Mitch McConnell) က ဒဏ်ခတ်မှုတွေ ဖယ်ရှားရေး ထောက်ခံသွားမယ့်အကြောင်း ပြောခဲ့တာပါ။
မြန်မာ့အရေးကို စိတ်ဝင်စားသူ တစ်ဦးလည်းဖြစ် အရေးယူ ဒဏ်ခတ်မှု ဥပဒေကြမ်း ရေးဆွဲရာမှာလည်း ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပေမဲ့ အခုအခါမှာတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆို့မှုတွေ ဆက်လက် ထားရှိရေးကို ထောက်ခံတော့မှာ မဟုတ်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန်နဲ့ အင်္ဂါနေ့က တွေ့ဆုံအပြီးမှာ အထက်လွှတ်တော်အမတ် မက်ကောနဲလ် (McConnell) က ပြောခဲ့တာပါ။
“ကျနော်ကိုယ်တိုင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာတုန်းက မြန်မာနိုင်ငံ အပေါ် နှစ်စဉ် ပုံမှန် သက်တမ်းတိုးလာခဲ့တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု ဥပဒေမူကြမ်းကို ရေးဆွဲခဲ့တဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ တိုင်ပင် ဆွေးနွေးမှုတွေအရ မြန်မာနိုင်ငံ မှာ တိုးတက်မှုတွေလည်း အထိုက်အလောက် ရှိလာနေပြီဆိုတာ သိရတဲ့အတွက် ကျနော့်အနေနဲ့ ဒီနှစ်မှာ သက်တမ်း ထပ်တိုးဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။ ဒီနှစ်မှာ ဒဏ်ခတ်မှုတွေ ဆက်ထားဖို့ စီစဉ်နေတာဟာလည်း ကောင်းတဲ့ စိတ်ကူးတစ်ခု မဟုတ်တော့ပါဘူး။”
တနင်္လာနေ့က သက်တမ်းကုန်ဆုံးသွားတဲ့ ၁၉၉၇ ခုနှစ် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) လက်ထက်က ချမှတ်ခဲ့တဲ့ အမျိုးသား အရေးပေါ် အက် ဥပဒေအရ ပိတ်ဆို့မှုတွေကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ကိုတော့ ဒီလဆန်းကပဲ သမ္မတ အိုဘားမား က လွှတ်တော်ကို ပေးပို့ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အခုအခါ လွှတ်တော် ထိပ်တန်း ခေါင်းဆောင်တွေက ဒဏ်ခတ်မှုတွေကို ဆက်လက် သက်တမ်း မတိုးလိုတဲ့ သဘောထားတွေ ထွက်ပေါ်လာနေတာပါ။ ဒီလို အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းက ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးဖို့ သဘောထားတွေ ထွက်ပေါ်လာနေတာနဲ့အမျှ မြန်မာနိုင်ငံက ခိုင်ခိုင်မာမာ မရှိသေးတဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်တွေ အားနည်းသွားနိုင်တယ်ဆိုပြီး စောဒက တက်သူတွေလည်း ရှိနေပါတယ်။
အထူးသဖြင့်ကတော့ ဒီမိုကရေစီ အခြေခံတွေ အားနည်းနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ ရှိနေဆဲ ဖြစ်တာကြောင့် အမေရိကန် အစိုးရအနေနဲ့ သတိထား ဆက်ဆံသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်အဖွဲ့ဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဂျွန် စစ်ဖ်တန် (John Sifton) က ပြောပါတယ်။
“ပြုပြင်ပြောင်းလဲရေးတွေကို အားပေးတဲ့အနေနဲ့ ဆုချမယ်လို့ ပြောနေတဲ့ သမ္မတ အိမ်ဖြူတော်ကို ကျနော်တို့က ပြောနေတာပါ။ ကျနော်တို့ဘက်က စောဒက တက်လိုတာကတော့ ပြုပြင်ပြောင်းလဲရေး လုပ်လုပ်၊ မလုပ်လုပ် ဆုချနေမယ်ဆိုရင် သူတို့အနေနဲ့ အပြောင်းအလဲ မလုပ်လည်း ရတယ်ဆိုတဲ့ သတင်းစကား ပါးသလို ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။”
ဝါရှင်တန်ဒီစီမြို့တော်ကို ၄၇ နှစ်မှာ ပထမဆုံးအကြိမ် မြန်မာသမ္မတတစ်ဦးရဲ့ တရားဝင် ခရီးစဉ်အတွင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ ၂ ခုကိုလည်း တာဝန်ရှိသူတွေ လက်မှတ်ရေးထိုး ခဲ့ကြတာပါ။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေအပေါ် တဆင့်ချင်း တုံ့ပြန်သွားမယ်လို့ ကတိပြုထားတဲ့ သမ္မတ အိုဘားမား အစိုးရကတော့ မကြာသေးခင် နှစ်တွေအတွင်းမှာပဲ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပြီး မြန်မာနိုင်ငံတွင်းက ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေကိုလည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စိစစ်ပြီး ထုတ်ပေးနေတာပါ။ ဒါပေမဲ့လည်း ဒီလို လျှော့ပေါ့ပေးနေတဲ့ အစီအစဉ်တွေကြောင့် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို အာရုံစိုက်မှု လျော့ပါးမှာကို စိုးရိမ်ရတဲ့အကြောင်း Human Rights Watch အဖွဲ့က ဂျွန် စစ်ဖ်တန် (John Sifton) က ပြောပါတယ်။
“သူတို့အနေနဲ့ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာပါ။ ဒါက လူ့အခွင့်အရေး ကိစ္စတွေကို ပေးဆပ်ရမှာပါ။ ဒါပေမဲ့လည်း လူ့အခွင့်အရေး ကိစ္စတွေကို အလေးမထားဘူးဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်ပြီး ဖိအားပေးနေတာတွေ ရှိနေတာက သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့လည်း မေးခွန်းထုတ်စရာ ဖြစ်နေရတာက ဘက်မျှမှု ရှိဖို့ပါ။ နောက်ထပ်မေးစရာ တစ်ခုကလည်း ကတိပေးထားတဲ့အတိုင်း ဖြစ်မလာဘူးဆိုရင်၊ ခံစားရမယ့် ကိစ္စတွေပါ။ အခု အိမ်ဖြူတော်က လုပ်နေတဲ့ ပုံစံက ကတိတွေ မတည်လည်း ဘာမှ မဖြစ်နိုင်ပါဘူးဆိုတဲ့ သဘောထားမျိုး တွေ့နေရတာပဲ ဖြစ်ပါတယ်။”
သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်မှာ တွေ့ဆုံခဲ့သူတစ်ဦးဖြစ်တဲ့ အောက် လွှတ်တော် ဒီမိုကရက်ပါတီရဲ့ လူနည်းစုခေါင်းဆောင် နန်စီ ပလိုစီ (Nancy Pelosi) ကတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီးထားဆဲ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ရဲ့ အမည်စာရင်းကိုလည်း ပေးအပ်ခဲ့တာပါ။
အမေရိကန် အစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး ၁၉၉၆ ခုနှစ်ကစလို့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပြီး၊ နောက်ထပ်လည်း ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေး ဥပဒေ၊ ၂၀၀၈ ခုနှစ် ကျောက်စိမ်း ဥပဒေတွေကို ထပ်မံ ပြဌာန်းပြီး အရေးယူလာခဲ့တာလည်း ဖြစ်ပါတယ်။