အီဂျစ်လေယာဉ်ပျက်က မှတ်တမ်းတင်စက် နောက်တလုံး ထပ်မံတွေ့ရှိ

အီဂျစ်လေယာဉ်ပျက်က အပိုင်းအစများ ထပ်မံတွေ့ရှိ။

ပြီးခဲ့တဲ့လက မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့တဲ့ အီဂျစ် ခရီးသည် တင်လေကြောင်းလိုင်း က လေယာဉ်ရဲ့ အချက်အလက်မှတ်တမ်းတွေ သိမ်းဆည်း ထားတဲ့ ဒုတိယမြောက် Black Box ကို ရှာဖွေတွေ့ရှိပြီလို့ အီဂျစ် အာဏာပိုင်တွေ က သောကြာနေ့မှာ ကြေညာပါတယ်။

ပဲရစ်မြို့ကနေ ကိုင်ရိုမြို့ကို ပျံသန်းခဲ့စဉ်မှာ ပျက်ကျသွားတဲ့ အဲဒီ အီဂျစ်လေကြောင်း ခရီးစဉ်အမှတ် M804 ရဲ့ လေယာဉ်ဦးခေါင်းခန်းက အသံဖမ်းကိရိယာ ကို ဒီမတိုင်ခင် တရက် ကြာသပတေးနေ့က တွေ့ရှိခဲ့တာပါ။

အခုအသစ်တွေရှိတဲ့ ဒီ Black Box ထဲမှာ လေယောဉ်ရဲ့ အမြန်နှုန်း၊ ပျံသန်းတဲ့အမြင့် နဲ့ ဦးတည်ပျံသန်းသွားနေတဲ့လမ်းကြောင်းတွေ စတဲ့အချက်အလက်တွေကို သိမ်းဆည်းထားပြီး၊ အဲဒီ Black Box ကို မြေထဲပင်လယ်ထဲ မှာ လေယာဉ် အပျက်အစီးအပိုင်းအစတွေကို တွေ့ရှိခဲ့တဲ့ သင်္ဘောကတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လေယာဉ်ရဲ့ အပျက်အစီးအပိုင်းအစတွေ နဲ့ လေယာဉ်မှူးရဲ့ အခန်းထဲက အသံဖမ်းကိရိယာကို ပင်လယ်သမုဒ္ဒရာရဲ့ ကြမ်းပြင်မှာ ရှာဖွေတွေ့ရှိ လိုက်တာကြောင့် လေယာဉ် ထူးထူးဆန်းဆန်း ဘာကြောင့် ပျက်ကျသွားတယ် ဆိုတာကိုသိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြသလို၊ လေယာဉ်ပေါ်ပါလာပြီး ပျောက်ဆုံးသွားတဲ့လူ ၆၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို လည်း ပြန်တွေ့မယ်လို့ မျှော်လင့်နေကြပါတယ်။

လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ဆဲဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်ကျသွားသလား ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

Your browser doesn’t support HTML5

အီဂျစ်လေယာဉ်ပျက်က မှတ်တမ်းတင်စက် နောက်တလုံး ထပ်မံတွေ့ရှိ