နာဂစ် စစ်တမ်း အပိုင်း (၂)

An aerial view of devastation caused by cyclone Nargis in Burma, which claimed nearly 22,000 lives, May 6, 2008

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် သဘာဝဘေး အန္တရာယ် တစုံတရာ ကျရောက်လာရင် ဆုံးရှုံးနစ်နာ နိုင်ချေဟာ သိပ်ကို မြင့်မားတာမို့ အားနဲချက်တွေ ရှိနေတဲ့ ဒီဒေသမှာ နောက်ထပ် နာဂစ်လို အဖြစ်မျိုး မကြုံရအောင် ပြုပြင်ဖို့ အတွက် လိုအပ်တာတွေကို အဲဒီအချိန်က မိုးလေဝဿနဲ့ ဇလဗေဒဌာနမှာ ညွှန်ကြားရေးမှုးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဦးထွန်းလွင်က ပြောပြပေးမှာပါ။

ဒီမြစ်ဝကျွန်းပေါ်ဒေသမှာ အားနဲချက် ၁၀ချက်ရှိတယ်။ vulnerability ဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ မြင့်မားနေတယ်။ ၁၀ချက်လုံး လျော့အောင် လုပ်နိုင်သလားဆိုရင် ရိုးရိုးသားသားဖြေရရင်တော့ မရပါဘူး။ ကျွန်တော့် အမြင်မှာ ၃ချက်လောက်က မရပါဘူး။ မြစ်ဝကျွန်းပေါ်ဒေသဟာ မြေနိမ့်ဖြစ်နေတယ်။ ဒါကိုလုပ်လို့ မရပါဘူး။ နောက် မြစ်လက်တက်တွေ ပေါ နေတယ်။ ဒါလည်း လုပ်လို့ မရပါဘူး။ နောက် တခါ ကမ်းရိုးတန်း ရေတိမ်တယ်၊ ဒီရေ အတက်အကျ ရှိတယ်။ ဒါလည်း လုပ်လို့ မရပါဘူး။ ဒီ၃ချက်ကတော့ လုပ်လို့ မရဘူးလို့ပဲ သတ်မှတ်ရမှာပါ့။ ဒါပေမယ့် နောင် သိပ္ပံပညာတွေ တအား တိုးတက်လာလို့ လုပ်နိုင်ရင်တော့ တကဏ္ဍပေါ့ အခုတော့ မလွယ်ပါဘူး။

ခြုံပြီးပြောရရင်တော့ မြစ်ဝကျွန်းပေါ်ဒေသက အားနဲချက် ၁၀ ချက်မှာ ပထမ ၃ချက်က ပြေလည်အောင်လုပ်ဖို့ ခဲယဉ်းတယ်ဆိုပေမယ့် ကျန်တဲ့ ၇ချက် ဖြစ်တဲ့ လူဦးရေထူထပ်တာရယ်၊ သက်ကယ်ကုန်း မုန်တိုင်းဒဏ် ခံနိုင်အောင် အဆောက်အဦး ဆောက်တာရယ်၊ မြေပုံတွေ ထုတ်တာရယ်၊ နောက် အသိပညာတွေ တိုးအောင် လုပ်တာရယ်၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းအောင်လုပ်တာရယ်၊ ဒီရေတောတွေ ပြန့်ပွါးအောင် လုပ်တာရယ်၊ လူထုနဲ့ အုပ်ချုပ်သူနဲ့ ချိတ်ဆက်မိအာင် တိုးတက်အောင် လုပ်တာရယ် ဒါတွေအားလုံးဟာ အမှန်တကယ်ကို လုပ်နိုင်ပါတယ်။ ဒါကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေဖြစ်ပါတယ်။

လုပ်သင့်တဲ့ ပြုပြင်သင့်တဲ့ အချက် ၇ချက်ကို ဘယ်လို ပြုပြင်ရမှာပါလဲ

လူဦးရေ ထူထပ်တာကို ဘယ်လို လုပ်မလဲ။ ကျွန်တော်တို့က လူတွေကို နေသင့်တဲ့နေရာ မနေသင့်တဲ့ နေရာ ပြတဲ့ မြေပုံတွေ ထုတ်ပြီးတော့ နေသင့်တဲ့နေရာ တွေမှာ လူတွေကို အခြေတကျ နေထိုင်စေခြင်းအားဖြင့် လူတွေကို လူဦးရေလျှော့စရာ ဘာမှ မလိုပါဘူး။ သို့သော် စံနစ်တကျ နေထိုင်တဲ့ ဥပဒေနဲ့ စည်းမျဉ်းနဲ့ law and regulation နဲ့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး သက်ကယ်ကုန်းတို့ မုန်တိုင်းခံ အဆောက်အဦးတို့ ဆိုတာ နာဂစ် အပြီးမှာ ဆောက် နေပါပြီခင်ဗျ။ ဒါတွေကို တိုးပြီးလုပ်လို့ ရပါတယ်။

နောက် သဘာ၀ အန္တရာယ် ပြတဲ့ မြေပုံတို့၊ နောက် အန္တရာယ် ဘေးသင့်မှုကြောင်း ဆုံးရှုံးနိုင်တဲ့ အခြေနေပြတဲ့ မြေပုံတို့ risk and hazard map ဒါတွေကလည်း လုပ်လို့ ရပါတယ်။ နိုင်ငံတကာမှာလည်း ဒါကို လုပ်ကြပါတယ်။ နောက်ပြီး မုန်တိုင်းသဘာဝ မုန်တိုင်း ဒီရေ အသိပညာ၊ ဒါလုပ်လို့ ရပါတယ်။ အခုလည်း ကျွန်တော်တို့ လုပ်နေပါတယ်။ သင်တန်းတွေ ပေးတယ်။ ဟောပြောပွဲတွေ လုပ်တယ်။ ဒါတွေက awareness တွေ ဖြစ်အောင် လုပ်လို့ ရပါတယ်။ နောက် လမ်းပမ်း ဆက်သွယ်မှု။ ဒါလုပ်လို့ ရပါတယ်။ နိုင်ငံတော်က ရွာချင်းဆက် လမ်းတွေ လုပ်နေတယ်။ တာတွေ ဆောက်တယ်။ ကားလမ်းတွေ ဖေါက်တယ် လုပ်တာလည်း နာက်ပိုင်းမှာ ကျွန်တော်တို့ တွေ့ရပါတယ်။

နောက် ဒီရေတောတွေ။ အဲဒါက အကုန်ပေါင်းလုပ်မှ ရမယ်။ ဒီရေတော အပင်တွေကို စီမံချက်တွေ ချပြီး စိုက်ကြရမယ်။ ဒေသခံတွေက ဒါတွေကို မခုတ်ရဘူး ဆိုတဲ့ အသိတွေ ပျံ့ပွါးအောင် လုပ်ရမယ်။ ဒါကျွန်တော်တို့ လုပ်လို့ ရပါတယ်။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ အုပ်ချုပ်တဲ့ သူကြားမှာ ကွာဟနေတဲ့ နားလည်မှုကလေးတွေကိုလည်း အားလုံးသော သင်တန်းတွေ၊ ဟောပြောချက်တွေ ရေဒီယိုတွေ မီဒီယာ တွေကို ကျွန်တော် တို့ ပျံ့ပွါးအောင် လုပ်ပြီးတော့ ပြုပြင်လို့ ရပါတယ်။

သဘာ၀ ဘေးအန္တရာယ် ကျရောက်နိုင်ချေ မြင့်မားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လုပ်သင့် လုပ်ထိုက်တဲ့ ပြုပြင်မှုတွေ လုပ်ထားဖို့နဲ့ တကယ်လို့ မလွှဲမရှောင်သာ သဘာဝဘေး အန္တရာယ်တွေ ကြုံလာခဲ့ရင် တွေ့ရမယ့် ဆုံးရှုံး နစ်နာမှု တွေ ကိုရော လျှော့ပါးအောင် လုပ်နိုင်ပါသလား။

သဘာဝဘေးအန္တရာယ် disasters ကို လျော့အောင် မလုပ်နိုင်ပါဘူး။ ဘာလို့လည်း ဆိုတော့ သူက သဘာ၀ အရ ဖြစ်တာပါ။ ဒါပေမယ့်လို့ ဒီဖြစ်လာတဲ့ disasters ကြောင့် ကြုံတွေ့နိုင်တဲ့ risk လို့ခေါ်တဲ့ ဆုံးရှုံးနစ်နာ နိုင်ချေကိုတော့ လျော့အောင် လုပ်လို့ ရပါတယ်။ နိုင်ငံ တကာမှာ ပေါ့လေ။ DRR Disaster Risk Reduction ဒီ သဘာ၀ မုန်တိုင်းပဲ ဖြစ်ဖြစ် ရေကြီးတာပဲ ဖြစ်ဖြစ် မြေငလျင်ပဲ ဖြစ်ဖြစ်ပေါ့၊ သဘာ၀ ဘေးအန္တရာယ် တခုခု ကျရောက်လို့ ရှိရင် အဲဒီ သဘာ၀ ဘေးကြောင့် ပျက်စီးဆုံးရှုံးနိုင်မှု အလားအလာ လျော့ပါးရေး အတွက် benchmark အခြေခံ သတ်မှတ်ချက် ၈ခုရှိတယ်။

အကြမ်းဖျင်းပြောရရင် သဘာဝဘေးကနေ ပြန်လည် ထူထောင် နိုင်မှု recovery၊ နောက် အရေးပေါ် တုန့်ပြန်နိုင်ရေးနဲ့ ကယ်ဆယ်ရေး rehabilitation ပေါ့၊ နောက်ကြိုတင် သတိပေးရေး early warning နောက် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိနဲ့ လူထုပညာရေး risk knowledge နဲ့ public education ပေါ့။ နောက် မြေယာ အသုံးချရေးနဲ့ အဆောက်အဦးဆိုင်ရာ ဒီဇိုင်း land use and design နဲ့ နောက် သဘာဝအရင်းအမြစ်တွေ natural resources နောက်ပြီးတော့ လူမှု စီးပွါးရေးနဲ့ အသက်မွေး ဝမ်းကျောင်း livelyhood နောက်ဆုံးတခုကတော့ အုပ်ချုပ်ရေးစံနစ် government အားလုံး ၈ခု ရှိပါတယ်

နာဂစ်ဒဏ်ခံခဲ့ရတာ ၄နှစ်ရှိခဲ့တဲ့ အခါမှာ လေးနှစ်အတွင်းတွေ့ရတဲ့ အပြောင်းအလဲတွေ၊ အရင်တုန်းက အခြေနေ နောက် အခုနောက်ပိုင်းမှာ ဘာတွေ လုပ်ထားပြီးပြီဆိုတာနဲ့ နောင် ဘာတွေ ဆက်လုပ်ဖို့ လိုမယ် ဆိုတာတွေကို ပြောပြပေးပါ ဆရာ

နာဂစ်ဖြစ်တဲ့အခါမှာ ဖြစ်ပြီးပြီးချင်းမှာပဲ နာဂစ် သင့်တဲ့ဒေသ၊ အဓိကကတော့ ဧရာဝတီ ရန်ကုန် ဒေသတွေကို သွားပြီးတော့ ဒီလောက် ထိခိုက်ပျက်စီးမှု မြင့်မားရတာ ဘာတွေအားနဲ လို့လည်း ဆိုတဲ့ဟာကို ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ အဖွဲ့လေးငါးဖွဲ့နဲ့ သွားပြီးလေ့လာပါတယ်။ အမှတ်ပေး စံနစ်နဲ့ လေ့လာကြည့်တဲ့ အခါမှာ ဒီ၈ခုထဲမှာ နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံအမှတ်ကို ပြည့်မီတာ တခုပဲ ရှိပါတယ်။ ကျန်တဲ့ ၇ခုလုံးက မပြည့်မီပါဘူး။ ပြည့်မီတဲ့ တခုက early warning လို့ခေါ်တဲ့ ကြိုတင် သတိပေးတဲ့ လုပ်ငန်းတခုသာလျှင် စံချိန်မီအောင် လုပ်နိုင်ခဲ့တယ် ဆိုတဲ့ အဖြေထွက်ပါတယ်။ ကျန်တဲ့ ၇ခုက တခုမှ အောင်မှတ် မရခဲ့ပါဘူး။ အဲဒီထဲမှာ အဆိုးဆုံး ၃ခု တွေ့ရပါတယ်။ အဲဒါတွေက disaster recovery သဘာဝဘေး အန္တရာယ်တွေကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ risk knowledge သဘာဝဘေးနဲ့ ပါတ်သက်တဲ့ အသိတွေ နောက် natural resources လို့ခေါ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသရဲ့ သဘာ၀ အရင်းအမြစ်တွေ ဥပမာအားဖြင့် မြေနိမ့်တွေဖြစ်နေတယ်၊ တောင်ကုန်းတွေ မရှိဘူး။ မြစ်ချောင်းတွေ ပေါတယ် ဆိုတဲ့ resources တွေနဲ့ ပါတ်သက်တဲ့ အချက် ၃ချက်ဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ အဆိုးဆုံး အနေထားကို တွေ့ရပါတယ်။

အခု နာဂစ်ပြီးတဲ့နောက် ၄နှစ်မြောက် ရောက်တဲ့ အချိန်မှာ တချို့အရာတွေကို အတိုင်းအတာ တခုအထိ မလုပ်နိုင်ခဲ့တာ တွေ့ပါတယ်။ အချို့အရာများတော့ ဆက်ပြီး အားနဲနေဆဲဖြစ်ပါတယ်။ ဥပမာအားဖြင့် recovery ကို ကျွန်တော်တို့ တော်တော်လေး လုပ်လာနိုင်ပါတယ်။ risk knowledge လို့ခေါ်တဲ့ လူထုအသိပညာပေး လုပ်ငန်းတွေ ကျွန်တော်တို့ တော်တော်လေး လုပ်လာနိုင်ပါတယ်။ early warning ကတော့ အခုနောက်ပိုင်း ပိုပြီးတော့လည်း လုပ်လာနိုင်ပါတယ်။ ဒီအပိုင်းတွေမှာ ပြဿနာ သိပ်မရှိပါဘူး။ နောက်ပြီးတော့ အုပ်ချုပ်ရေး စံနစ် ပေါ့ လူထုနဲ့ အုပ်ချုပ်တဲ့ သူတွေနဲ့ ချိတ်ဆက်မိတဲ့ လုပ်ငန်းတွေ အုပ်ချုပ်တဲ့ အပိုင်းတွေ သဘာ၀ ဘေးအန္တရာယ် ကာကွယ်စောင့် ရှောက်ရေး plan အစီအစဉ် ဆွဲတာတွေ စသဖြင့် လုပ်နေတဲ့ အတွက် အတော်များများ ကတော့ အတိုင်းအတာ တခုအထိတော့ တိုးတက်မှု ရှိခဲ့တယ်။

ဒါပေမယ့်လို့ ကျွန်တော် သိရသလောက်တော့ ဒီကနေ့ အချိန်အထိ map တွေဆိုတာတော့ မလုပ်ရသေးဘူးလို့ သိရပါတယ်။ risk map မသိသေးဘူး။ hazard map တွေ မဆွဲနိုင်သေးပါဘူး။ ဒီ shelter တို့ဘာတို့ ဆောက်ပါတယ်။ တော်တော်လည်း ပြီးပါပြီ။ ဒါတော်တော်လည်း ဝမ်းသာစရာပါ။ နာဂစ်တုန်းက တလုံးမှ မရှိဘူး။ အခုဆိုရင် အတိုင်းအတာ တခုအထိ ရှိပြီ အရေအတွက် အတိအကျ မသိပေမယ့် ကျွန်တော် ညွှန်ကြားရေးမှုးချုပ်လုပ်နေတုန်းက ၁၈လုံးလို့ သိရပါတယ်။ ဒီတော့ အကြမ်းဖျင်း အားဖြင့် ၁၈လုံး အလုံး ၂၀ကျော် ဆောက်လုပ်ပြီးပြီ ဆိုတော့ ဒါဟာ ဝမ်းသာစရာပါ။ ဒါပေမယ့် ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ အဲဒီ အတိုင်းအတာဟာ မလုံလောက် ပါဘူး။ တော်တော်များများ လုပ်ဖို့ လိုပါသေးတယ်။

ဥပမာအဖြစ် ပြောရလို့ ရှိရင် ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံ ဘန်ဂလာဒက်ရှ်မှာ ဆောက်ထားတဲ့ အရေအတွက်ဟာ သုံးထောင် ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အများကြီး လုပ်ဖို့ လိုသေးတယ်။ အရှိန် အဟုန်လျော့မသွား သင့်ပါဘူး။ အခု နောက်ပိုင်း မှာ မုန်တိုင်း သင့်ခဲ့တဲ့ ဒေသတွေကို ကျွန်တော် ရောက်သွားတဲ့ အချိန်မှာ ဖြစ်ခါစက တော်တော်များများ လုပ်ကြပေမယ့် အခုနောက်ပိုင်းတော့ အရှိန်နဲနေသေးတာကို တွေ့ရတဲ့ အတွက် တိုးတက်မှု အတိုင်းအတာ တခုထိ ရှိတယ်။ ဒါပေမယ့်လို့ လုပ်ရန် လိုပါသေးတယ်လို့ပဲ ပြောလိုပါတယ်ခင်ဗျ။

ဒေါက်တာဦးထွန်းလွင်ပါ။