Samsung Galaxy Note 7 ထုတ်လုပ်မှု ဆိုင်းငံ့ထား

Samsung Galaxy Note 7

Samsung ကုမ္ပဏီကထုတ်တဲ့ Galaxy Note 7 smartphone တွေ ဘေးအန္တရာယ်ကင်းတယ်ဆိုတာ သေချာစေဖို့အတွက် ထုတ်လုပ်မယ့် ဖုန်းအရေ အတွက်ကို ပြန်ပြီး ချိန်ညှိနေတယ်လို့ Samsung ကုမ္ပဏီက ပြောပါတယ်။

သုံးစွဲသူ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားက ကြီးကြပ်သူတွေနဲ့ ပူးပေါင်းပြီးတော့ Samsung- Galaxy Note 7 ထုတ်လုပ်မှုကို ဆိုင်းငံ့ထားလိုက်တယ်လို့ အမည်မဖော်တဲ့ ပစ္စည်းသွင်းသူတဦးကို ကိုးကားပြီး ဒီကနေ့ တနင်္လာနေ့ အစောပိုင်းမှာ တောင်ကိုရီးယား Yanhap သတင်းဌာနမှာ ဖော်ပြထားပါတယ်။

သြဂုတ်လမှာ စပြီး ထုတ်ကတည်းကဆိုရင် Samsung- Galaxy Note 7 တွေမှာ မီးလောင် ပေါက်ကွဲတာတွေအပြင် ပြဿနာအမျိုးမျိုးရှိနေပေမယ့် လည်း ထုတ်လုပ်တဲ့ တောင်ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးကတော့ အလျော့အပေးပဲ ဆက်ပြီးလုပ်ဆောင်နေဆဲပါ။ စက်တင်ဘာလတုန်းက ဒီ Note 7 အမျိုးအစားမှာ ပါဝင်တဲ့ ဘက်ထရီမှာ မှားယွင်းမှုတွေရှိနေတယ်လို့ ကုမ္ပဏီက အတည်ပြု ပြောဆိုခဲ့ပြီးတော့ ဖုန်းအရေအတွက် ၂ သန်းခွဲကို ပြန်သိမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီက ပြန်ပြီးအစားထိုး ထုတ်ပေးခဲ့တဲ့ ဖုန်းတွေမှာလည်း မီးလောင် ပေါက်ကွဲမှုဖြစ်တာတွေ ရှိနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

Your browser doesn’t support HTML5

Samsung Galaxy Note 7 ထုတ်လုပ်မှု ဆိုင်းငံ့ထား