အနောက်နိုင်ငံကြီးတွေ Navalny ကိုအသုံးချပြီး ရုရှားကိုထိန်းချုပ်ဖို့ကြိုးပမ်း (သမ္မတပူတင်)

Russian President Vladimir Putin chairs a meeting with government members via a video conference call at Novo-Ogaryovo state residence outside Moscow, Russia, Feb. 10, 2021.

Your browser doesn’t support HTML5

အနောက်နိုင်ငံကြီးတွေ Navalny ကိုအသုံးချပြီး ရုရှားကိုထိန်းချုပ်ဖို့ကြိုးပမ်း (သမ္မတပူတင်)

ထိန်းသိမ်းထားတဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ကို အသုံးချပြီး အနောက်အင်အားကြီးနိုင်ငံတွေအနေနဲ့ ရုရှားကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြောင်း ရုရှားသမ္မတ Vladimir Putin က တနင်္ဂနွေနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။
ရုရှားက ထုတ်လုပ်နိုင်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V အပါအဝင် မကြာသေးခင်က ရုရှားရဲ့အောင်မြင်မှုများစွာဟာ ရုရှားအစိုးရ ဆန့်ကျင်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ပူတင်က ပြောဆိုခဲ့ပါတယ်။

ပူတင်လိုလားတဲ့ လူအုပ်စုတွေရဲ့ ဗွီဒီယိုဖိုင်အတွဲလိုက်တွေ၊ ရုရှားအစိုးရထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ ထုတ်လွှင့်မှုတွေ၊ အွန်လိုင်းပေါ်မှာ ဖြန့်ဝေမှုတွေမှာ လူတွေက သူတို့ကို အဲဒီထဲမှာ ပါဝင်ဖို့ လှည့်ဖျားခံရတယ်ဆိုပြီး ပြောဆိုနေချိန် အခုလို သမ္မတ ပူတင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ လူတချို့ကနေ ဒေသခံသတင်းထောက်တွေကို ပြောပြရာမှာ ပူတင်ထောက်ခံပွဲတွေမှာ ပါဝင်ဖို့ စက်ရုံအကြီးအကဲတွေကနေ ရွေးချယ်ခွင့်အနည်းပဲပေးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာရှိတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကတော့ ရုရှားအစိုးရနဲ့ အာဏာရ ညီညီသောရုရှား ပါတီကနေ ဗွီဒီယိုမှတ်တမ်းတွေရိုက်ယူဖို့ ညွန်ကြားချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ ဖေါ်ပြခဲ့ကြပါတယ်။ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကတော့ ဒီဗွီဒီယိုဖိုင်တွေနဲ့ အစိုးရကြား ပတ်သက်မှု လုံးဝမရှိဘူးလို့ ပြောဆိုခဲ့ပြီး စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

-----------------------


