ယူကရိန်း နိုင်ငံဆီကနေ ခရိုင်းမီးယား ကျွန်းဆွယ်ကို ပြီးခဲ့တဲ့ မတ်လတုန်းက သိမ်းယူပြီးချိန်ကစလို့ အခု ပထမဆုံး အကြိမ်အဖြစ်နဲ့ ရုရှား သမ္မတ Vladimir Putin ခရိုင်း မီးယားကို ရောက်ရှိနေပါတယ်။ ပင်လယ်နက် အတွင်းက ရုရှားရေတပ် အခြေစိုက်ရာ ခရိုင်းမီးယားရဲ့ ဆိပ်ကမ်းမြို့ Sevastopol မှာ ကျင်းပမယ့် ဒုတိယ ကမ္ဘာစစ် အတွင်း ရုရှားတို့ရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲနဲ့ အခမ်းအနားကို မစ္စတာ ပူတင် တက်ရောက်ဖို့ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
သောကြာနေ့ အစောပိုင်း ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ်နဲ့ ရုရှား စစ်သည် ၁ သောင်း ၁ ထောင်တို့ နိုင်ငံရဲ့ အံ့မခန်း စစ်လက်နက်တွေကို ကိုင်ဆောင် ချီတက်တဲ့ပွဲကိုလည်း မစ္စတာ ပူတင် တက်ရောက် ကြည့်ရှုခဲ့ပါတယ်။ တချိန်တည်းမှာဘဲ ယူကရိန်းနိုင်ငံရဲ့ ဆိပ်ကမ်းမြို့ Mariupol မှာ ယူကရိန်း အစိုးရ တပ်ဖွဲ့တွေနဲ့ ရုရှား လိုလားသူ လက်နက်ကိုင်တွေကြား သောကြာနေ့မှာ တိုက်ခိုက်မှုတွေ တကျော့ပြန် ဖြစ်ခဲ့ပါတယ်။
Mariupol မှာ အခု ပြန်ဖြစ်တဲ့ တိုက်ခိုက်မှုတွေဟာ ဆိုရင် ဒီသတင်းပတ် အစောပိုင်းက တိုက်ခိုက်မှုတွေထက် ပြင်းထန်ပါတယ်။ ယူကရိန်း တင့်ကားတွေ တိုက်ခိုက်မှုတွေဆီကို ဦးတည်သွားနေကြတယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။
အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ တချိန်တည်းမှာဘဲ ယူကရိန်း အရှေ့ပိုင်း ဒေသ Donetsk နဲ့ Luhansk တို့ကို ယူကရိန်းကနေ လွတ်လပ်ရေး ကြေညာမလား၊ မကြေညာဘူးလားဆိုတဲ့ အပေါ်မှာ မဲခွဲဖို့ ရှိတာကို ရုရှား သမ္မတ Putin က ဆိုင်းငံ့ထားဖို့ ပြောဆိုနေတဲ့ ကြားကဘဲ ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေကတော့ ဒီမဲခွဲမှုကို စီစဉ်ထားတဲ့ အတိုင်း တနင်္ဂနွေနေ့မှာ လုပ်ဆောင်ဖို့ ရှိနေပါတယ်။
လွတ်လပ်တဲ့ပြည်နယ်အဖြစ် ကြေညာတာကို ထောက်ခံသလား ၊ ကန့်ကွက်သလားဆိုတာကို မဲဆန္ဒရှင်တွေက မဲခွဲ ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ Donetsk ပြည်ထောင်စုခေါင်းဆောင်လို့ သူ့ကိုယ်သူ ကြေညာထားတဲ့ ခွဲထွက်ရေးသမား Denis Pushilin ပြောတာကို ကိုးကားပြီး ရုရှား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
လတ်တလော မဲဆန္ဒတွေ အရ ယူကရိန်း အရှေ့ပိုင်း ပြည်သူ ၇၀ ရာခိုင်နှုန်းက ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်းတွေ အဖြစ်ရှိချင်တယ်လို့ ပြသနေပေမယ့်လည်း လုခ်ဟန့် ဒေသမှာလည်း ယူကရိန်းကနေ ခွဲထွက်မလား ခွဲမထွက်ဘူးလား ဆိုတာကို ဒေသခံတွေကို ကောက်ယူဖို့ ရှိနေပါတယ်။
တခြား ကိစ္စတခုကတော့ ရုရှားရဲ့ ဓာတ်ငွေ့ စွမ်းအင်ပေါ်မှာ မီခိုနေရတဲ့ ယူကရိန်း အနေနဲ့ နောက်ပိုင်း ဓာတ်ငွေ့ ဝယ်ယူမှုတွေမှာ ငွေကြိုပေးဖို့လည်း ရုရှားတို့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။