အလုပ်ကနေ အငြိမ်းစားယူခွင့်ရှိတဲ့ အသက် ကန့်သတ်ချက်ကို တိုးဖို့ အဆိုပြုချက်ကို တနင်္ဂနွေနေ့က ရုရှားနိုင်ငံ မော်စကို မြို့လယ်ခေါင်မှာ ထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ လူထုထောက်ခံမှု ကျဆင်းနေတဲ့ ရုရှားသမ္မတ Vladimir Putin ကို ဝေဖန်တဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အတိုက်အခံ လစ်ဘရယ်ပါတီက ဦးဆောင်တဲ့ လူထုစုဝေး ဆန္ဒပြပွဲဖြစ်ပါတယ်။ သမ္မတ ပူတင်ကို ဆန့်ကျင်သူတွေ၊ အစိုးရ ဆန့်ကျင်သူတွေ ကြွေးကျော်လေ့ရှိတဲ့- ပူတင်ဟာ သူခိုး ဖြစ်တယ်၊ ဇာဘုရင်တွေနဲ့ အတူ ကျဆုံးပါစေ ဆိုတဲ ကြွေးကျော်သံတွေကို အော်ဟစ်ခဲ့ကြတာပါ။
အလုပ်က အငြိမ်းစားယူတဲ့ အသက်အရွယ် အတွက် အဆိုပြုချက်ဟာ မတ်လကမှ ပြန်ပြီး အရွေးကောက်ခံခဲ့ရတဲ့ သမ္မတ ပူတင်အတွက် နိုင်ငံရေးအရ အတိမ်းအစောင်း မခံတဲ့ ပြဌာန်းချက် တခု ဖြစ်ပါတယ်။ ဒီကြေညာချက်ကို ဇွန်လ ၁၄ ရက် နေ့ ရုရှားမှာ ကမ္ဘာ့ဖလားပွဲ ဖွင့်ပွဲမှာ စပြီး ကစားကြတဲ့ ပထမဆုံး ပွဲနဲ့ ကိုက်ပြီး ကြေညာခဲ့တာဖြစ် ပြီး အဲဒီအချိန်ကတည်းက ရုရှား နိုင်ငံတလွှား ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်နေတာပါ။
ဒီပြဌာန်းချက် ဥပဒေမူကြမ်းကို ကန့်ကွက်သူက ၉၀ % ရှိပါတယ်။ တနင်္ဂနွေနေ့ ဆန္ဒပြပွဲကို လာရောက်သူ ၆၀၀၀ ေ ကျာ် ရှိပါတယ်။
Your browser doesn’t support HTML5