ကန်နုတ်ထွက်တဲ့ နြူကလီးယားစာချုပ်ကနေ ရုရှားလည်းထွက်

ရုရှားသမ္မတ ပူတင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ကို ခေါ်ယူတွေ့ဆုံစဉ်။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၉)

စစ်အေးကာလ တာလတ်ပစ် နြူကလီးယားလက်နက်ဆိုင်ရာစာချုပ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့ ဘတပြန်ကျားတပြန် လုပ်ဆောင်နေကြပါတယ်။ အမေရိကန်နဲ့ ရုရှားကြား ဆယ်စုနှစ်ချီရှိခဲ့ပြီဖြစ်တဲ့ ဒီနြူကလီးယားစာချုပ်ကနေ အမေရိကန်က နုတ်ထွက်ကြောင်း သောကြာနေ့က ကြေညာလိုက်ပြီးတဲ့နောက် စနေနေ့မှာတော့ ရုရှားကလည်း ဒီစာချုပ်မှာ သူပါဝင်နေတာကို ဆိုင်းငံ့ထားမယ်လို့ ရုရှားသမ္မတ Vladimir Putin ကြေညာသွားပါတယ်။

မဟာမိတ်အမေရိကန်တို့က ဒီစာချုပ်ကနေ နုတ်ထွက်မယ်လို့ ကြေညာသွားတာမို့ ကျနော်တို့ကလည်း အလားတူ နုတ်ထွက်ပါမယ်လို့ ပြောသွားတာပါ။ ရုရှားတို့အနေနဲ့ အသံထက်မြန်တဲ့ စူပါဆောနစ်လက်နက်တွေ အပါအဝင် ဒုံးကျည်အမျိုးအစားအသစ်တွေ တီထွင်ဖို့ စလုပ်မယ်လို့လည်း သမ္မတ Putin ကပြောပါတယ်။ နြူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စကို ဒီဘက်ကစပြီး အမေရိကန်နဲ့ သွားမဆွေးနွေးဖို့ ရုှရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို မှာထားတယ်လို့လည်း ပြောပါတယ်။ အမေရိကန်ကတော့ ဒီသဘောတူလက်မှတ်ရေးထိုးထားတာကို ရုရှားဘက်က ပျော်ပျော်ကြီးချိုးဖောက်နေတယ်လို့ စွပ်စွဲပြီး ဒီစာချုပ်ကနေ နုတ်ထွက်မယ်လို့ သမ္မတ Donald Trump ကြေညာချက်ထုတ်ခဲ့တာပါ။

ရုရှားတို့က တားမြစ်ဒုံးကျည်စနစ် လျှို့ဝှက်တီထွင်နေတယ်၊ ဒါဟာ ပြည်ပမှာ ဖြန့်ချထားတဲ့ အမေရိကန် တပ်တွေနဲ့ မဟာမိတ်တပ်တွေအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ သမ္မတ Trump က ပြောပါတယ်။

ဒါပေမယ့် Mr. Trump က ဆွေးနွေးနိုင်ရုံ လမ်းတော့ ဖွင့်ပေးထားတာပါ။ ပိုကောင်းတဲ့ သဘောတူညီချက်တခု ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ တရုတ်နိုင်ငံကတော့ ဒီလိုအမေရိကန်တို့ရဲ့ နုတ်ထွက်မှုကို ကန့်ကွက်ကြောင်း စနေနေ့ကပဲ ပြောလိုက်ပြီး ရုရှားနဲ့ အမေရိကန် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေနဲ့ ပြေလည်အောင်လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။

Your browser doesn’t support HTML5

ကန်နုတ်ထွက်တဲ့ နြူကလီးယားစာချုပ်ကနေ ရုရှားလည်းထွက်