(Zawgyi / Unicode)
ရုရှားနိုင်ငံမှာ စက်တင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့မှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအတွက် လူကိုယ်တိုင် မဲပေးမှုကို ဒေသ ၄၁ ခုအတွက် စတင်ကျင်းပခဲ့ပါတယ်။
ရှေ့နှစ်ထဲကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင် ကျင်းပတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲဟာ လူထုကြား ရေပန်းသိပ်မစားလှတဲ့ အာဏာရ United Russia ပါတီအတွက် အရေးပါတဲ့ စမ်းသပ်မှုတခုအဖြစ် အများက ရှုမြင်နေကြတာပါ။
ဒီရွေးကောက်ပွဲမှာ တနိုင်ငံလုံးရဲ့ သုံးပုံတပုံလောက်ဖြစ်တဲ့ လူ ၃၅ သန်းလောက် မဲပေးခွင့်ရှိပါတယ်။
SEE ALSO: ရုရှားအရှေ့ပိုင်း Khabarovsk မြို့ Putin ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားမကြာသေးခင်က ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်လုံးကျွတ် မဲဆန္ဒပေးပွဲကနေ ရုရှားနိုင်ငံမှာ သမ္မတ Vladimir Putin ကို နောက်ထပ် သက်တမ်း ၂ ခု အာဏာဆက်မြဲနေစေမှာ ဖြစ်ပါတယ်။ မဲပေးမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ဥရောပဒေသ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) ကိုလည်း ရုရှားအစိုးရက မဖိတ်ခေါ်ခဲ့ပါဘူး။
အခုလို ရွေးကောက်ပွဲကျင်းပဖို့ တလမပြည့်ခင် သြဂုတ်လ ၂၀ ရက်တုန်းကတော့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ အဆိပ်ခတ်ခံခဲ့ရပြီး အခု သူဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဆေးကုသမှု ခံယူနေရပါတယ်။ သူဟာ ဆိုဗီယက်ရုရှားခေတ်က ထုတ်တဲ့ အာရုံကြောကို ထိခိုက်စေတဲ့ Novichok အဆိပ်ခတ်ခံရတာဖြစ်ပြီး ဒါဟာ ရုရှားအစိုးရ နောက်ကွယ်က ရှိမယ်လို့ Navalny ကို ထောက်ခံသူတွေက သံသယရှိနေကြတာပါ။
ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ရှိနေတာကြောင့် အကြိုမဲပေးမှုတွေကို ၂ ရက်ကြိုပြီး စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)
SEE ALSO: ရုရှားအတိုက်အခံခေါင်းဆောင် Novichok အဆိပ်ခတ်ခံရကြောင်း ဂျာမနီအတည်ပြုအခုလို ရှေးကောကျပှဲကငြျးပဖို့ တလမပွည့ျခငျ သွဂုတျလ ၂၀ ရကျတုနျးကတော့ ရုရှားအတိုကျအခံခေါငျးဆောငျ Alexei Navalny ဟာ အဆိပျခတျခံခဲ့ရပွီး အခု သူဟာ ဂြာမနီနိုငျငံ ဘာလငျမွို့မှာ ဆေးကုသမှု ခံယူနရေပါတယျ။ သူဟာ ဆိုဗီယကျရုရှားခတျေက ထုတျတဲ့ အာရုံကွောကို ထိခိုကျစတေဲ့ Novichok အဆိပျခတျခံရတာဖွဈပွီး ဒါဟာ ရုရှားအစိုးရ နောကျကှယျက ရှိမယျလို့ Navalny ကို ထောကျခံသူတှကေ သံသယရှိနကွေတာပါ။