လူ ၇၁ဦးပါ ရုရှားလေယာဉ် ပျက်ကျ

An-148 ဂျက်လေယာဉ်အမျိုးအစား

ရုရှားနိုင်ငံ မော်စကိုမြို့တော် အနီးမှာ လူ ၇၁ ဦး လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းတော့ မရှိဘူးလို့ အရေးပေါ် ဌာနကို ကိုးကားပြီး Interfax သတင်းအေဂျင်စီက ဖော်ပြပါတယ်။

သက်တမ်း ၇ နှစ်ရှိပြီ ဖြစ်တဲ့ လေယာဉ်က ဒူမိုဒီဒူဗို ကနေ ပျံသန်းပြီး မိနစ်ပိုင်း အကြာမှာ ရေဒါကနေ ပျောက်သွားကြောင်း လေယာဉ် ပျံသန်းမှုတွေကို ခြေခံရာခံတဲ့ FlightRadrr 24 က ဖော်ပြထားပါတယ်။

ဆာရာတော့ဗ် လေကြောင်းလိုင်းက စီမံခန့်ခွဲတဲ့ An-148 ဂျက်လေယာဉ်က မြို့တော် မော်စကိုရဲ့ ဒုတိယ အကြီးဆုံး လေဆိပ် ဒူမိုဒီဒူဗို ကနေ Orsk မြို့ကို အသွား မော်စကိုမြို့ရဲ့ အရှေ့တောင်ဘက် ၈၀ ကီလိုမီတာ က အာဂူနိုဗို အနီးမှာ ပျက်ကျခဲ့တာပါ။ ခရီးသည် ၆၅ ယောက်နဲ့ လေယာဉ် အမှုထမ်း ၆ ဦးတို့ လိုက်ပါသွားတာ ဖြစ်ပါတယ်။