(Zawgyi / Unicode)
ဖမ်းဆီးခံထားရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောက်ခံသူတွေ ရုရှားမြို့ကြီး ၆၀ ကျော်မှာ ဒီကနေ့ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ တရားမဝင်ဘူးလို့ ရဲတပ်ဖွဲ့က ကြေညာထားပြီး ဖြိုခွဲတဲ့ကြားကပဲ Navalny ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။
ဗလာဒီဗော့စတော့ခ်၊ Khabarovsk နဲ့ Chita မြို့တွေ အပါအဝင် နိုင်ငံအရှေ့ဖျားဒေသနဲ့ ဆိုက်ဘေးရီးယားတို့မှာ ဆန္ဒပြပွဲတွေဖြစ်ပြီး လူထောင်ပေါင်းများစွာ ပါဝင်ခဲ့တယ်လို့ Navalny ကို ထောက်ခံသူတွေက ပြောပါတယ်။
မော်စကိုမြို့တော်နဲ့ မိုင် ၅,၀၀၀ လောက်ဝေးပြီး တရုတ်နယ်စပ်နားက ရုရှားမြို့တမြို့ဖြစ်တဲ့ Khabarovsk မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေ ဖြစ်မလာခင်ကတည်းက မော်စကိုမြို့တော်နဲ့ ရုရှားနိုင်ငံတွင်း တခြားနေရာတွေက Navalny ရဲ့လူတွေကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။
SEE ALSO: ရုရှားအတိုက်အခံ Navalny ကို မော်စကိုမှာ ရက် (၃၀) ချုပ်ထားမည်ဆန္ဒပြပွဲတွေမလုပ်ဖို့ အတိုက်အခံတွေကို ရဲတပ်ဖွဲ့က သတိပေးထားသလို သီးခြားလွတ်လပ်တဲ့ သတင်းထောက်တွေကိုလည်း ဆန္ဒပြပွဲသတင်းတွေကို မလိုက်ကြဖို့ သတိပေးခဲ့ပါတယ်။
ရုရှားတက္ကသိုလ်တွေကလည်း သူတို့ကျောင်းသားတွေ ဒီဆန္ဒပြပွဲတွေကို မသွားဖို့ အသိပေးထားပြီး တချို့ကျောင်းတွေကဆို မလိုက်နာရင် ကျောင်းထုတ်ပစ်တာ အပါအဝင် အရေးယူခံရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
Navalny ဟာ အဆိပ်ခတ်ခံရတာကို ကုသတာကနေ ပြန်ကောင်းလာပြီးတဲ့နောက် ဂျာမနီကနေ ပြန်လာပြီးကတည်းကဆိုရင် နိုင်ငံတဝန်း အခုဆန္ဒပြပွဲတွေဟာ သူ့ကိုထောက်ခံသူတွေ စီစဉ်တဲ့ ပထမဆုံးပွဲတွေပါ။ ဂျာမနီကအပြန် မော်စကိုမြို့တော်ကို ရောက်ရောက်ချင်းမှာပဲ သူ့ကိုဖမ်းလိုက်တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)
Alexei Navalny လွတ်မြောက်ရေး ဆန္ဒပြမှု ရုရှားမြို့ ၆၀ ကျော်မှာ ဖြစ်ပွား
ဖမ်းဆီးခံထားရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောက်ခံသူတွေ ရုရှားမြို့ကြီး ၆၀ ကျော်မှာ ဒီကနေ့ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ တရားမဝင်ဘူးလို့ ရဲတပ်ဖွဲ့က ကြေညာထားပြီး ဖြိုခွဲတဲ့ကြားကပဲ Navalny ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။
ဗလာဒီဗော့စတော့ခ်၊ Khabarovsk နဲ့ Chita မြို့တွေ အပါအဝင် နိုင်ငံအရှေ့ဖျားဒေသနဲ့ ဆိုက်ဘေးရီးယားတို့မှာ ဆန္ဒပြပွဲတွေဖြစ်ပြီး လူထောင်ပေါင်းများစွာ ပါဝင်ခဲ့တယ်လို့ Navalny ကို ထောက်ခံသူတွေက ပြောပါတယ်။
မော်စကိုမြို့တော်နဲ့ မိုင် ၅,၀၀၀ လောက်ဝေးပြီး တရုတ်နယ်စပ်နားက ရုရှားမြို့တမြို့ဖြစ်တဲ့ Khabarovsk မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေ ဖြစ်မလာခင်ကတည်းက မော်စကိုမြို့တော်နဲ့ ရုရှားနိုင်ငံတွင်း တခြားနေရာတွေက Navalny ရဲ့လူတွေကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။
SEE ALSO: ဂျာမနီကပြန်လာတဲ့ ရုရှားအတိုက်အခံ Navalny မော်စကိုလေဆိပ်မှာ အဖမ်းခံရခြင်းဆန္ဒပြပွဲတွေမလုပ်ဖို့ အတိုက်အခံတွေကို ရဲတပ်ဖွဲ့က သတိပေးထားသလို သီးခြားလွတ်လပ်တဲ့ သတင်းထောက်တွေကိုလည်း ဆန္ဒပြပွဲသတင်းတွေကို မလိုက်ကြဖို့ သတိပေးခဲ့ပါတယ်။