Russia Olympic ဆုအများဆုံးနဲ့ ဦးဆောင်နေ

ရုရှားက ရွှေတံဆိပ်ဆုရ Alexander Legkov (လယ်) (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄)

ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ နောက်ဆုံးနေ့ ပြိုင်ပွဲတွေမှာ ရုရှားနိုင်ငံက အားကစားသမားတွေ ဆုတံဆိပ်တွေ ထပ်မံဆွတ်ခူးပြီး အသာစီးနဲ့ ဦးဆောင်နေပါတယ်။

ရွှေတဆိပ်ဆု ရရှိခဲ့တဲ့ ရုရှား အားကစားသမား Alexander Legkov က ပထမဆုနေရာကို နန်းရှုတ်နေစဉ်။



ဒီကနေ့ကျင်းပတဲ့ ပြိုင်ပွဲ ၃ ခုထဲက ၃၁ မိုင်ကျော် တာဝေး နှင်းလျှောစီးပြိုင်ပွဲမှာ ရုရှားနိုင်ငံသား Alexander Legkov က တနိုင်ငံထဲသား ၂ ဦးကို အသာစီးရပြီး ရွှေတံဆိပ် ရရှိသွားတဲ့အတွက် ဒီပြိုင်ပွဲတခုထဲမှာတင် ရုရှားက ရွှေ၊ ငွေနဲ့ ကြေးတံဆိပ်တွေကို တပြိုင်တည်း ဆွတ်ခူးသွားကြပါတယ်။

အဲဒီနောက်မှာတော့ အမျိုးသား ၄ ဦးယောက်တွဲ Bobsleigh ပြိုင်ပွဲမှာလည်း ရုရှားအသင်းက ရွှေတံဆိပ် ထပ်မံ ရရှိသွားပါတယ်။ ရုရှားအသင်းကို အမျိုးသား ၂ ယောက်တွဲပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိပြီးသားဖြစ်တဲ့ Alexander Zubkov ကပဲ ဒီ ၄ ယောက်တွဲပြိုင်ပွဲကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ အမျိုးသား ၄ ယောက်တွဲပြိုင်ပွဲမှာ Latvia နိုင်ငံက ငွေတံဆိပ်နဲ့ အမေရိကန်ပြည်ထောင်စုက ကြေးတံဆိပ် အသီးသီး ရရှိသွားကြပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြီးကျယ် ခမ်းနားစွာကျင်းပဖို့ရှိနေတဲ့ အိုလံပစ် ပိတ်ပွဲမတိုင်ခင် နောက်ဆုံး ကျင်းပဖို့ ကျန်နေတဲ့ ပြိုင်ပွဲကတော့ လက်ရှိ အိုလံပစ်ချံပီယံ ကနေဒါနဲ့ ဆွီဒင်နိုင်ငံတို့ ယှဉ်ပြိုင်ကြမယ့် အမျိုးသားဟော်ကီဗိုလ်လုပွဲပဲ ဖြစ်ပါတယ်။

လက်ရှိအနေအချိန်မှာတော့ ရုရှားနိုင်ငံက ဆုတံပေါင်း ၃၃ ခုနဲ့ ထိပ်ဆုံးကပြေးနေပြီး အမေရိကန်ပြည်ထောင်စုက ၂၈ ခုနဲ့ ဒုတိယ၊ နော်ဝေနိုင်ငံက ၂၆ ခုနဲ့ တတိယ အသီးသီးလိုက်နေပါတယ်။ ရွှေတံဆိပ်အများဆုံး ရရှိတဲ့နိုင်ငံတွေထဲမှာလည်း အိမ်ရှင် ရုရှားက ၁၃ ခုနဲ့ ဦးဆောင်နေပြီး နော်ဝေနိုင်ငံက ၁၁ ခုနဲ့ ဒုတိယလိုက်နေပါတယ်။