ရုရှားနိုင်ငံတွင်းမှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သတင်းမီဒီယာဌာန ၉ ခုကို ပြည်ပအစိုးရအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ တွေအဖြစ် ရုရှားတရားရေးဝန်ကြီးဌာနသတ်မှတ်လိုက်ပြီး အဲဒီထဲမှာ VOA အမေရိကန်အသံလည်းပါဝင်ပါတယ်။
ဥပဒေသစ်ရဲ့ သက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုပြီး ပြီးခဲ့တဲ့ လကအသိပေး အကြောင်းကြားခြင်းခံရတဲ့ Radio Free Europe/Radio Liberty နဲ့လက်အောက်ခံအခြားအဖွဲ့ အတော်များများကိုလည်း တရားရေးဌာနက နောက်ပိုင်းမှာ ထည့်သွင်းသတ်မှတ်လိုက်တာပါ။
ရုရှားသမ္မတ Vladimir Putin က နိုင်ငံရပ်ခြားက ငွေကြေးထောက်ပံ့တဲ့ သတင်းမီဒီယာ အဖွဲ့တွေကို နိုင်ငံရပ်ခြား အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ဥပဒေကို နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရုရှားအစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့RT ရုပ်သံသတင်းဌာနကို အမေရိကန်ပြည်ထောင်စုမှာ အလား တူမှတ်ပုံတင်ဖို့ အမေရိကန်အစိုးရက သတ်မှတ်ခဲ့တဲ့အတွက် ဒီပြဌာန်းချက်အသစ်နဲ့ အတိအကျ တန်ပြန်လိုက်တာဖြစ်တယ်လို့ ရုရှားအရာရှိတို့ကပြောပါတယ်။
RT ရုပ်သံသတင်းဌာန မှတ်ပုံတင်ထားတဲ့ Foreign Agent Registration Act FARA လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ် ၈၀ ကြာ ဥပဒေဟာ ပွင့်လင်းမြင်သာမှုရှိအောင် အားပေးဖို့ ရည်ရွယ်ရုံဖြစ်ပြီး အမေရိကန်မှာ ဒီရုပ်သံသတင်းဌာနရဲ့ လုပ်ငန်း တွေကို ကန့်သတ်မထားဘူးလို့ ရုရှားဆိုင်ရာ အမေရိကန် သံအမတ်ကြီး Jon Huntsmanကပြောပါတယ်။
Your browser doesn’t support HTML5