သူတို့တပ်သားတွေ ထိခိုက်သေဆုံးမှု ရုရှားအတည်ပြု

  • ဗွီအိုအေမြန်မာဌာန

ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုရှားတင့်ကားတစီး။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းမှာ ရုရှားတပ်သားတချို့ သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက တနင်္ဂနွေနေ့မှာ အတည်ပြု ပြောဆိုပါတယ်။ ဒါဟာ ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်ချိန်ကစပြီး ရုရှားတပ်သားတွေ သေဆုံးဒဏ်ရာရကြောင်း ရုရှားအစိုးရက ပထမဆုံး ဝန်ခံပြောဆိုတာ ဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Igor Konashenkov က ဒီစစ်ပွဲအတွင်း သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပေမယ့် အရေအတွက် အတိအကျကိုတော့ မပြောပါဘူး။ ဒါပေမယ့် ရုရှားဘက်က သေဆုံး ဒဏ်ရာရမှုတွေဟာ ယူကရိန်းဘက်ကလောက် မများဘူးလို့လည်း ပြောပါတယ်။

ဒါဟာ ရုရှားဘက်က သေဆုံးထိခိုက်မှုရှိကြောင်း ရုရှားစစ်တပ်အရာရှိတွေက ပထမဆုံး ထုတ်ပြောတာဖြစ်ပြီး ယူကရိန်းဘက်ကတော့ ယူကရိန်းတပ်တွေကြောင့် ရုရှားတပ်သား ၃,၅၀၀ လောက် တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ကြေညာထားတာပါ။

ကြာသပတေးနေ့ ယူကရိန်းကို ထိုးစစ်စတင်ခဲ့ချိန်ကစပြီး ရုရှားဘက်က ပစ်ခတ်မှုကြောင့် ယူကရိန်းစစ်ဘက် အဆောက်အဦး ၁,၀၆၇ ခုကို ထိမှန်ခဲ့သလို လေကြာင်းကာကွယ်မှုစနစ် ၃၈ ခုနဲ့ ရေဒါစခန်း ၅၆ ခုကို ထိမှန်စေခဲ့တယ်လို့လည်း ဗိုလ်ချုပ် Konashenkov က ပြောပါတယ်။ ဒါ့အပြင် ရုရှားတပ်သား ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ယူကရိန်းရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိဘူးလို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

သူတို့တပ်သားတွေ ထိခိုက်သေဆုံးမှု ရုရှားအတည်ပြု

-------------------------

(Unicode)




