၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က Rosa Parks ဟာ လူဖြူလူမဲ အသားအရောင်ခွဲခြားရေးကို ကန့်ကွက်တဲ့အနေနဲ့ Alabama ပြည်နယ် Mongomery မြို့မှာ လူဖြူတဦးအတွက် Bus ကားပေါ်မှာ နေရာဖယ်ပေးဖို့ ငြင်းဆိုခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ အခုလို သာမန်လူမဲ အမျိုးသမီးတဦးရဲ့ သတ္တိရှိလှတဲ့ လုပ်ရပ်ဟာ ကနေ့အထိ လူအများကို အားကျစေခဲ့တယ်လို့ သမ္မတ Barack Obama က အဲဒီသမိုင်းတင်ဖြစ်ရပ်ရဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်မှာ ပြောကြားလိုက်ပါတယ်။
ပြည်သူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူ Rosa Parks နဲ့ ပတ်သက်ပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။