ပထမဆုံး အမျိုးသမီး ကုလဒုက္ခသည်အေဂျင်စီ အကြီးအကဲဟောင်း အိုဂါတာ ကွယ်လွန်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပထမဆုံးအမျိုးသမီး မဟာမင်းကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဂျပန်နိုင်ငံသူ Sadako Ogata (ဖေဖော်ဝါရီ၊ ၀၂၊ ၂၀၁၉)

(Zawgyi/Unicode)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပထမဆုံးအမျိုးသမီး မဟာမင်းကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဂျပန်နိုင်ငံသူ Sadako Ogata ဟာ အောက်တိုဘာလ ၂၂ ရက်နေ့က ကွယ်လွန်သွားပါတယ်။

အသက် ၉၂ နှစ်အရွယ်ရှိတဲ့ ဆာဒါကို အိုဂါတာ ကွယ်လွန်သွားတဲ့အကြောင်း သူနောက်ဆုံး တာဝန်ယူလုပ်ကိုင်သွားတဲ့ ဂျပန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ ကြေညာချက်မှာ ဖော်ပြမထားပါဘူး။ Ogata ဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Tsuyoshi Inukai ရဲ့ မြစ်တော်စပ်ပြီး အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ်ကနေ မဟာဘွဲ့ရခဲ့သလို ကယ်လီဖိုးနီးယားတက္ကသိုလ် Berkeley ကနေ နိုင်ငံရေးသိပ္ပံနဲ့ ပါရဂူဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီး အဲဒီအချိန်က အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့အချိန်တွေမှာ ဆာဒါကို အိုဂါတာ ဟာ မြန်မာနိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တဦးလည်းဖြစ်ခဲ့တဲ့ ဆာဒါကို ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ရှိချက်တွေကိုလည်း ကုလသမဂ္ဂအထွေထွေညီလာခံကို အစီရင်ခံစာ တင်ပြခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

ပထမဆုံး အမျိုးသမီး ကုလဒုက္ခသည်အေဂျင်စီ အကြီးအကဲဟောင်း အိုဂါတာ ကွယ်လွန်

[Unicode Version]




