ရိုဟင်ဂျာအရေးနဲ့ ဖိလစ်ပိုင် သတင်းဖော်ထုတ်မှုအတွက် Reuters သတင်းဌာန ပူလစ်ဇာဆုရ

ပူလစ်ဇာဆုရ သတင်းဓာတ်ပုံတွေထဲက သတင်းဓာတ်ပုံမြင်ကွင်းတခု။ (REUTERS/Danish Siddiqui )

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြားက ရိုဟင်ဂျာ ပဋိပက္ခ မှတ်တမ်းတင် ဓာတ်ပုံတွေ၊ နောက် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေး စစ်ပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ဖော်ထုတ်မှု အတွက် ရိုက်တာ သတင်းအေဂျင်စီ ကို ပူလစ်ဇာ ဆု နှစ်ခု ချီးမြှင့်လိုက်ပါတယ်။ အမေရိကန် သတင်းလောကရဲ့ ဂုဏ်သိက္ခာ အကြီးဆုံး ပူလစ်ဇာဆုတွေကို ပြီးခဲ့တဲ့ တနလာၤနေ့မှာ Reuters သတင်းအေဂျင်စီက ရရှိခဲ့တာပါ။

Reuters wins Pulitzer for photography of Rohingya crisis

ရိုက်တာ သတင်းအေဂျင်စီရဲ့ အကြီးအကဲ၊ အယ်ဒီတာချုပ် Stephen J. Adler ကတော့ အခု ပူလစ်ဇာ ဆုတွေ ချီးမြှင့်ခံခဲ့ရတဲ့ သတင်းတွေ၊ သတင်းဓာတ်ပုံတွေ အတွက် ရိုက်တာ သတင်းထောက်တွေ အားလုံးဟာ အခက်အခဲ မျိုးစုံကို ရင်ဆိုင် တွန်းလှန်ပြီး လုပ်ခဲ့ကြရတဲ့ အကြောင်းနဲ့ ဖိအားတွေ၊ ခြိမ်းခြောက်ခံရမှုတွေလည်း ကြုံတွေ့ခဲ့ကြရတယ်လို့ ပြောပါတယ်။

"သိပ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမျိုးနဲ့ နေထိုင်ရမယ့် နေရာကို သွားနိုင်ဖို့ ရိုဟင်ဂျာတွေ ထွက်ပြေးကြတာဟာဆိုရင် ဒီကနေ့ ကမ္ဘာမှာ ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံး သတင်းတွေပါ။ နောက် မူးယစ်ဆေးဝါးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ရဲက သတ်ဖြတ်နေမှုတွေမှာ ပြစ်ဒဏ်က ကင်းလွတ်နေမှုဟာဆိုရင်လည်း တရားစီရင်ရေး အပေါ် မေးခွန်းထုတ်စရာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။"

Reuters wins Pulitzer for photography of Rohingya crisis

လုပ်ငန်းခွင် အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှု၊ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း ရုရှားရဲ့ ပတ်သက်မှုတွေကို စုံစမ်းဖော်ထုတ်မှုတို့လို အမေရိကန် ပြည်တွင်းရေး ကိစ္စကြီးတွေကို ရေးသား ဖော်ထုတ်ခဲ့ကြမှု အတွက် အမေရိကန် မီဒီယာတွေလည်း ပူလစ်ဇာဆု ချီးမြှင့်ခံရပါတယ်။ ဟောလီးဝုဒ် ရုပ်ရှင်ထုပ်လုပ်သူ Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုဆိုင်ရာ စွပ်စွဲချက်တွေကို ဖော်ထုတ်ရေးသားမှု အတွက် နယူးယောက်တိုင်းမ် သတင်းစာကြီးနဲ့ နယူးယော့ကာ မဂ္ဂဇင်းတို့ ပူးတွဲ ဂုဏ်ပြုခံရပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာအရေးနဲ့ ဖိလစ်ပိုင် သတင်းဖော်ထုတ်မှုအတွက် Reuters သတင်းဌာန ပူလစ်ဇာဆုရ