[[Zawgyi/Unicode]]
ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်အတွင်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂရုံးကို အာဏာပိုင်တွေက ဖယ်ရှားခိုင်းတာကြောင့် မနေ့က ဖယ်ရှားလိုက်ရတယ် လို့ စစ်တွေ ကျောင်းသားသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။ အာဏာပိုင်တွေဘက်ကတော့ အဲဒီကျောင်းသားသမဂ္ဂရုံးလုပ်ထားတဲ့ အဆောင်အဦးဟာ ကျောင်းသူကျောင်းသားတွေ နားနေဆောင်ဖြစ်တာကြောင့် အခုလို ဖယ်ခိုင်းရတာဖြစ်တယ်လို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်အတွင်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂရုံးကို အာဏာပိုင်တွေဘက်က ဖယ်ရှားခိုင်းတာကြောင့် မနေ့က ဖယ်ရှားလိုက်ရတယ်လို့ စစ်တွေကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက ပြောပါတယ်။
“အဲဒါတွေကို ဖယ်ရှားပေးရမယ်။ အစားဖို့နေရာမပေးဘူးပေါ့နော်။ မဖယ်ပေးဘူး၊ ကန့်လန့်လုပ်နေမယ်ဆိုရင်တော့ သူတို့ကတော့ တိုင်းမှူးနဲ့ တိုင်ရမယ်ကွာ- အဲလိုမျိုးတွေ ပြောတာပါပဲ၊ အခုတော့ အကုန်လုံးကို ကျနော်တို့ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပေးပါပြီ။”
အခုလို အာဏာပိုင်တွေဘက်က ကျောင်းသားသမဂ္ဂရုံးနေရာကို ဖယ်ရှားလိုက်ပေမယ့်လည်း စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂအနေနဲ့ အလုပ်တွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း ကိုဘုန်းပြည့်ဖြိုးကပြောပါတယ်။
“ဒါကတော့ အာဏာရှင်ခေတ်မှာ အာဏာရှင်ဆန်ဆန်လုပ်တာပေါ့၊ ကျနော်တို့ကတော့ နောက်ပိုင်းလုပ်မယ့် လုပ်ငန်းတွေအတွက် နေရာသစ်တော့ ရှာနေပါတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး၊ ဆွေးနွေးနေတုန်းပဲရှိသေးတယ်၊ တက်နိုင်သမျှ ကျနော်တို့ကတော့ အရင်လုပ်ငန်းတွေကို မရပ်ဘဲ လုပ်သွားမယ်။”
အခုလို စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးကို ဖယ်ရှားခိုင်းရတာဟာ ကျောင်းရဲ့ နဂိုမူလ ဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်ဖို့ဖြစ်တယ်လို့ ဦးကျော်နိုင်ဦး (စစ်တွေတက္ကသိုလ် ဌာနမှူး သင်တန်းရေးရာ)က ပြောပါတယ်။
“ကျောင်းသားသမဂ္ဂကို ပေးထားတဲ့အဆောင်အဦးတွေက ကျောင်သားနားနေဆောင်နဲ့ ကျောင်းသူနားနေဆောင်တွေပါ၊ ကျနော်တို့ ဦးစီးဌာနက နားနေဆောင်တွေကို မူလပုံမှန်အတိုင်း ကျောင်းသားကျောင်းသူတွေ နားနေလို့ရအောင်ဆိုပြီးတော့ ညွှန်ကြားချက် ရှိပါတယ်။ တက္ကသိုလ်ဖွဲ့စည်းပုံမှာလည်း အဲလိုမျိုး ပြောထားတယ်။ အဲဒါကြောင့် ကျနော်တို့က ကျောင်းသား ကျောင်းသူတွေ နားနေလို့ရအောင် လုပ်တာဖြစ်ပါ တယ်။ အဲဒါကြောင့်ဖယ်ခိုင်းရတာပါခင်ဗျာ။”
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်လက်ထက် နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပြီးတဲ့နောက်ပိုင်း တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂအတွက် ရုံးခန်းနေရာတွေ ပေးထားခဲ့တာပါ။ အဲဒီကာလမှာ စစ်တွေတက္ကသိုလ်အတွင်းမှာလည်း ကျောင်းသားသမဂ္ဂရုံးကို အခုနေရာမှာ ဖွင့်ခွင့်ပေးခဲ့တာပါ။ ၂၀၂၀ ခုနှစ် တုန်းက ရခိုင်ပြည်နယ်အတွင်း စစ်ဆန့်ကျင်ရေးဆန္ဒပြမှုတချို့ရှိခဲ့ပြီး ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တချို့ ဖမ်းဆီးအရေးယူခံရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အခြားမြန်မာနိုင်ငံမြို့တွေမှာ ဆန္ဒပြကန့်ကွက်မှုတွေရှိခဲ့ပေမယ့်၊ ရခိုင်မှာတော့ ကြီးကြီးမားမားဆန္ဒပြကန့်ကွက်မှုတွေမရှိခဲ့ပါဘူး။
Your browser doesn’t support HTML5
==============
[[Unicode]]
စဈတှတေက်ကသိုလျကြောငျးသားသမဂ်ဂရုံး ဖယျရှားခံရ
==============