(Zawgyi / Unicode)
စစ်တပ်နဲ့ရဲက အပြင်းအထန် အင်အားသုံး ဖြိုခွဲဖမ်းဆီးတာတွေကြောင့် ဆန္ဒပြပွဲတွေ ကျဲသွားတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့တော့ အင်းစိန်၊ စော်ဘွားကြီးကုန်းမှာ လူငယ်တစု လျှပ်တပြက် ဆန္ဒပြပွဲ လုပ်ခဲ့ကြပါတယ်။
မန္တလေးမှာတော့ အထွေထွေသပိတ်တပ်ပေါင်းစုက ဒီနေ့ညနေပိုင်းမှာ ချီတက် ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် မြတောင်သပိတ်စစ်ကြောင်း ထွက်ခဲ့သလို ပြည်သူတွေ ဘေးရန်ကင်းဝေးစေဖို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းမှာပါတဲ့ သံဃာတော်တွေက ပရိတ်တရားတော်တွေ ရွတ်ဖတ်သရဇ္ဈာယ်ပြီး မေတ္တာပို့ခဲ့ကြပါတယ်။
SEE ALSO: ရန်ကုန်မှာ အမျိုးသမီးတွေဦးဆောင်ပြီး ဆန္ဒပြချီတက်စစ်ကိုင်းတိုင်းမှာ လက်ပံတောင်းတောင် ပင်မ ဆန္ဒပြသပိတ်စစ်ကြောင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနဲ့ ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်၊ ကလေးမြို့ ၂၀၉ ရက်မြောက် သပိတ်နဲ့ ရွှေဘိုမြို့နယ် ကျေးရွာတရွာမှာ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။
ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးတာ၊ ဖမ်းဆီးသွားပြီးတဲ့နောက် သေဆုံးတာ စတာတွေကြောင့် စစ်အာဏာသိမ်းတဲ့ နေ့ကတည်းကနေ ဒီကနေ့အထိဆိုရင် သေဆုံးသူပေါင်း ၁,၀၄၆ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရသူပေါင်းကလည်း ၆,၂၃၀ ဦးရှိပြီလို့ AAPP ကပြောပါတယ်။
Your browser doesn’t support HTML5
----------------------
(Unicode)
မန်တလေးမှာတော့ အထှထှေသေပိတျတပျပေါငျးစုက ဒီနေ့ညနပေိုငျးမှာ ခြီတကျ ဆန်ဒပွခဲ့ပါတယျ။