ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် Jimmy Lai ထောင်ဒဏ် ၆ နှစ်နီးပါး ချမှတ်ခံရ

Jimmy Lai, among various of groups of pro-democracy activists, arrives at a court in Hong Kong.

ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူ၊ ထင်ရှားတဲ့ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင် (Jimmy Lai) ကို ထောင်ဒဏ် ၆ နှစ်နီးပါးနဲ့ ငွေဒဏ် ဒေါ်လာသိန်းချီ ချလိုက်ပါတယ်။ ရုံးခန်းအဆောက်အဦး ငှားရမ်းတဲ့ သက်တမ်းကာလ ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဆက်စပ်ပြီး ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ် ၅ နှစ်၊ ၉ လနဲ့ ငွေဒဏ် ဒေါ်လာ ၂၅၇,၀၀၀ ဒီနေ့ ချမှတ်လိုက်တာပါ။

ဟောင်ကောင်မှာ ထင်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို တရားစွဲအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အမှုတွေထဲ လတ်တလော နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး ဝေဖန်သူတွေကတော့ အတိုက်အခံတွေကို အသံတိတ်သွားအောင် လုပ်ဆောင်နေတာလို့ ဝေဖန်ပါတယ်။
ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ်က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တဲ့ ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေအတွင်း Jimmy Lai ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ဒီဆန္ဒပြပွဲတွေနောက်ပိုင်း တရုတ်ပြည်ကြီး အစိုးရက ချမှတ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရတာ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးဥပဒေအရ Jimmy Lai ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်ထားသလို၊ သူ့ရဲ့ Apple သတင်းစာတိုက်ကိုလည်း ၂၀၂၁ ခုနှစ်မှာ အစိုးရက ဖိအားပေး ပိတ်သိမ်းပစ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့ ရည်ရွယ်တဲ့ တရုတ်ပြည်မကြီးအစိုးရရဲ့ လုံခြုံရေးဥပဒေသစ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ပြီးကတည်းက ဖမ်းဆီးသူတွေ အများအပြား ရှိခဲ့ပြီး ဒီအထဲမှာ မီဒီယာလုပ်ငန်းရှင်ကြီး Jimmy Lai ဟာ အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။

==== Unicode ====


