ပရီမီယာလိခ် ပွဲစဉ်တွေ ပြန်စပြီ

Arsenal အသင်းသား Aaron Ramsey

၂၀၁၄-၁၅ အင်္ဂလိပ် Premier League ဘောလုံးရာသီကို စနေနေ့မှာ စတင်ခဲ့ပါတယ်။ နည်းပြသစ် ဗန်ဟားလ်နဲ့ Manchester United အသင်းကတော့ ပွဲဦးထွက်မှာပဲ ရှုံးခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ စနေနေ့က ကစားကြတာမှာ ဆွမ်းစီက မန်ယူကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားတာပါ။ ဆွမ်းစီက ပထမပိုင်းမှာ ဂိုးအရင်သွင်းခဲ့တာကို ဒုတိယပိုင်းအစမှာ Rooney က ပြန်ချေနိုင်ခဲ့ပေမယ့် Sidgursson က ၇၂ မိနစ်မှာ ဒုတိယဂိုးသွင်းပြီး ဆွမ်းစီက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ပွဲမှာတော့ အာဆင်နယ်က နောက်ကျဂိုးနဲ့ ၂ ဂိုး ၁ ဂိုးရပြီး အနိုင်ရသွားပါတယ်။

အာဆင်နယ်အတွက် ဂိုးတွေကို ကိုရှဲလ်နီ (Koscielny) နဲ့ Ramsey တို့ကသွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ပွဲတွေမှာတော့ Tottenham Hotspur က West Ham ကို ၁ ဂိုး ဂိုးမရှိ၊ Hull က QPR ကို ၁ ဂိုး ဂိုးမရှိ၊ Aston Villa က Stoke City ကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး West Brom နဲ့ Sunderland ၊ Leicester နဲ့
Everton တို့ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ လီဗာပူးလ်နဲ့ ဆောက်သမ်တန်၊ နယူးကာဆယ်နဲ့ မန်စီးတီးတို့ ကစားကြမှာပါရှင်။