ပုပ်ရဟန်းမင်းကြီး အီစတာပွဲ ဝတ်ပြုဆုတောင်း

အီစတာပွဲမှာ ဆုတောင်းမေတ္တာပို့နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis (ဧပြီလ ၅၊ ၂၀၁၅)

ဒီနေ့တနင်္ဂနွေနေ့ဟာ ကမ္ဘာပေါ်က ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့ ဖြစ်ပါတယ်။ ယေရှုခရစ်တော်ကို အဆုံး စီရင်ခံရပြီး တတိယမြောက်နေ့မှာ ရှင်ပြန်ထမြောက်ရာနေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ ယုံကြည်ကျင်းပတဲ့ အထိမ်းအမှတ်ပွဲတော်နေ့လည်း ဖြစ်ပါတယ်။

စိန့်ပီတာ (St. Peter) ရင်ပြင်မှာတော့ ပုပ်ရဟန်းမင်းကြီး Pope Francis ဟာ ထောင်နဲ့ချီတဲ့ Roman Catholic ဘာသာဝင် လူအုပ်ကြီးနဲ့အတူ ခရစ်ယာန် ဘာသာရေး အထွဋ်အမြတ်ပွဲတော် Easter Sunday ကို ကျင်းပပါတယ်။ Jerusalem မြို့တော်မှာရှိတဲ့ ယေရှုခရစ်တော်ကို အဆုံးစီရင်ခံခဲ့ရတယ်လို့ ယုံကြည်ကြတဲ့ ဘာသာရေးအထွဋ်အမြတ် ထားရာနေရာ Holy Sepulcher ဘုရားကျောင်းနားမှာ ထောင်နဲ့ ချီတဲ့ ခရစ်ယာန်ဘာသာဝင်တွေ စုဝေးခဲ့ကြပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အခုနှစ် အီစတာပွဲတော်နေ့မတိုင်ခင် ဝမ်းနည်းစရာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ယေရှု ခရစ်တော်ဟာ နောက်လိုက်ကိုးကွယ်သူတွေရဲ့ အပြစ်တော်တွေကို ခွင့်လွှတ်ပြီး ထာဝရ အသက်ရှင်တော်မူခွင့်ပေးဖို့ ရှင်ပြန်ထမြောက်လာပြီး ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့ ယုံကြည်ကြတာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ဘာသာရေးထုံးတမ်းစဉ်လာအရ ခရစ်ယာန်ဘာသာဝင်တွေဟာ ဒီနေ့မှာ အီစတာ ကြက်ဥကောက်ပွဲနဲ့ အာရုံတက် နေရောင်နဲ့အတူ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်မှု အထိမ်းအမှတ်ကြိုဆိုပြီး ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။