အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ အရှေ့တောင်အာရှခရီးစဉ် နောက်ဆုံးခရီးတထောက်အဖြစ် အင်ဒိုနီးရှား နိုင်ငံကို စနေနေ့က ရောက်သွားပြီး ခရီးစဉ်တလျှောက် အဓိကကိစ္စကတော့ မြောက်ကိုရီးယားအရေးပဲဖြစ်ပါတယ်။
အင်ဒိုနီးရှားကို ခရီးမဆက်ခင် စင်္ကာပူနိုင်ငံမှာ ရှိနေချိန်အတွင်းမှာတော့ နျူက လီယား ကင်းရှင်းရေး ပြောဆိုဆွေးနွေးတာတွေနဲ့ အတူ အမေရိကန်-မြောက်ကို ရီးယား ဆက်ဆံရေးနဲ့ပတ်သက်ပြီး သတင်းစကားတွေ အမျိုးမျိုး ထွက်ထားပါ တယ်။ ဝန်ကြီး Pompeo နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Hu တို့ဟာ စုပေါင်းဓာတ်ပုံရိုက်ချိန်အတွင်း တယောက်နဲ့တယောက် တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ကြတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert က ဂျကာတာကိုအသွား လေယာဉ်ပေါ် မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဝန်ကြီး Pompeo က “ကျနော်တို့ မကြာခင် ဆွေးနွေးကြရအောင်” လို့ပြောတဲ့ အပေါ် ဝန်ကြီး Ri Yong Hu ကလည်း “ကျနော် သဘောတူပါတယ်။ သိပ်ကို အကျိုးရှိမယ့် ဆွေးနွေးပွဲတွေ ဖြစ်ဖို့ရှိပါတယ်” လို့ ပြန်ပြောပါတယ်။
အဲဒီနောက် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အတွက် ပေးလိုက်တဲ့စာကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး Sung Kim က ဝန်ကြီး Ri လက်ထဲ ထည့်ပေးပါတယ်။ စာပါအကြောင်းအရာတွေ ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
ဝန်ကြီးနှစ်ဦးကြား ခနတာ တွေ့ဆုံနှုတ်ဆက်တဲ့ကိစ္စဟာ အံ့သြစရာမဟုတ်ဘဲ “ဒါက ခန့်မှန်းလို့ရပါတယ်၊ ထိစပ်မှုအများစုက အပြု သဘောဆောင်ပြီး ဒါဟာ အရင်ကထက်စာရင် တိုးတက်လာတာပါ။ နှစ်ပေါင်းများစွာ ဆက်ဆံရေးအဆင်မပြေဖြစ်ပြီးတဲ့နောက် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတည်ဆောက်နေပါတယ်” လို့ အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူတဦးကပြောပါတယ်။
Your browser doesn’t support HTML5