ကာကွယ်ဆေးထိုးဖို့ ဝန်လေးနေသူတွေကြောင့် ကပ်ရောဂါပပျောက်ရေးအခက်အခဲရှိ

88 year old Trevor Cowlett receives the Oxford University/AstraZeneca COVID-19 vaccine from nurse Sam Foster at the Churchill Hospital in Oxford, southwest England on January 4, 2021. - Britain today began the mass rollout of the Oxford-AstraZeneca corona

{{Zawgyi/Unicode}}

ကမ္ဘာတဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးဖို့ဝန်လေးနေတဲ့လူတွေကြောင့် Covid-19 ကပ်ရောဂါလုံးဝကွယ်ပျောက်ဖို့ တိုက်ဖျက်ရေးမှာ အန္တရာယ်ရှိနေတယ်လို့ နောက်ဆုံးကောက်ယူထားတဲ့လူထု သဘောထားစစ်တမ်းတခုမှာတွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၁၇ နိုင်ငံကို Gullap သုတေသန ကစစ်တမ်းကောက်ယူခဲ့တာမှာ ၇၉ နိုင်ငံမှာ ကာကွယ်ဆေးထိုးချင်ပါတယ်လို့ဖြေဆိုတဲ့သူ ၇၀% အောက်မှာပဲရှိပါတယ်။ ပိုးကူစက်ပြန့်နှံ့မှု ရပ်တန့်သွားအောင် ပြည်သူ ၇၀ % ကာကွယ်ဆေးထိုးဖို့လိုတယ်လို့သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ကာကွယ်ဆေးတွေရောက်မလာခင် မနှစ်နှောင်းပိုင်းလောက်က နိုင်ငံပေါင်း ၁၁၇ နိုင်ငံက လူ တထောင်စီကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ နိုင်ငံ ၂၀ လောက်မှာတော့ အများစုက ကာကွယ်ဆေးမထိုးဘူးလို့ဖြေဆိုကြပါတယ်။

စစ်တမ်းရလဒ်တွေကိုခြုံငုံသုံးသပ်လိုက်တဲ့အခါ ကမ္ဘာ့လူဦးရေ ၇.၆ ဘီလီယံထဲမှာ ၁ ဘီလီယံကျော်ကဆေးထိုးမှာမဟုတ်တာကိုတွေ့ရပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေကတော့ရောဂါပိုးဒဏ်ခံနိုင်စွမ်းရှိမယ့် herd Immunity ရှိဖို့ လူအတော်များများဆေးထိုးဖို့ကြိုးပမ်းနေတာပါ။ ဒီလိုအချိန်မျိုးမှာပဲ ကျန်းမာရေးဝန်ထမ်းတွေ အသတ်ခံရတာ၊ မုဒိန်းကျင့်ခံရတာတွေတင်မက ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရတာတွေရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC ကတနင်္လာနေ့မှာကြေငြာချက်ထုတ်ပြန်ပါတယ်။

ပဋိပက္ခဒေသတွေမှာကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့၊ အဲဒီလိုတိုက်ခိုက်တာမျိုးကို ပြစ်ဒဏ်ကကင်းလွတ်ခွင့်ပေးထားတာတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂရဲ့ ပထမဆုံး ပြဌာန်းချက်ထွက်လာတာ ၅ နှစ်ထဲရောက်လာပါပြီ။

အဲဒီနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံရတဲ့အကြိမ်ထောင်နဲ့ချီရှိတယ်လို့လည်း ကြေငြာချက်မှာပြောထားပါတယ်။ ကျန်းမာရေးဌာနတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ လူနာတင်ယာဉ်တွေပါ တိုက်ခိုက် လုယက်တာနဲ့ ကြုံနေရပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေပါ တိုက်ခိုက်ခံနေရတယ်လို့ ICRC ကပြောပါတယ်။

၂၀၁၆ နေ ၂၀၂၀ ခုနှစ်ကြားနိုင်ငံ ၃၃ နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေတိုက်ခိုက်ခံရတာ တနှစ်ကို အကြိမ်ရေ ၃ ထောင့်၇ ရာကျော်ရှိတယ်လို့ ICRC ကပြောပါတယ်။

ပဋိပက္ခဒေသတွေမှာ စာရင်းကောက်ယူဖို့အခက်အခဲရှိတာကြောင့် တိုက်ခိုက်ခံရတဲ့အကြိမ်ရေ ဒီထက်များနိုင်တယ်လို့လည်း ပြောပါတယ်။

....................................................

Your browser doesn’t support HTML5

ကာကွယ်ဆေးထိုးဖို့ ဝန်လေးနေသူတွေကြောင့် ကပ်ရောဂါပပျောက်ရေးအခက်အခဲရှိ

{{Unicode}}




စဈတမျးရလဒျတှကေိုခွုံငုံသုံးသပျလိုကျတဲ့အခါ ကမ်ဘာ့လူဦးရေ ၇.၆ ဘီလီယံထဲမှာ ၁ ဘီလီယံကြောျကဆေးထိုးမှာမဟုတျတာကိုတှေ့ရပါတယျ။




